0

( အယ်ဒီတာ့ ထံ ပေးစာ )

အယ်ဒီတာခင်ဗျား

ကျွန်တော်တို့သည် တယ်လီဖုန်း ပြောဆိုခြင်းမှအစ အင်တာနက် အသုံး ပြုခြင်းအထိ မြန်မာ့ဆက်သွယ်ရေးဝန် ကြီးဌာနနှင့် လုံးဝ မကင်း ကွာနိုင်ပါ။ ပြည်ထောင် စုမြန် မာနိုင်ငံကြီး တိုးတက် ပြောင်းလဲလာသည်တွင် ဆက်သွယ်ရေး စနစ်များသည်လည်းလျင်မြန်လွယ်ကူ စေရန် လွန်စွာအရေး ကြီးပါသည်။ သို့ ရာတွင် မြန်မာ့ဆက်သွယ်ရေး ဝန်ကြီး ဌာနကို လုံးလုံး လျားလျားအားထားနေရ သော အင်တာနက်အသုံးပြုခြင်းမှာ အ ဆင်မပြေ သည်ကများသည်ကို အယ်ဒီ တာ များလည်း အသိပင်ဖြစ်ပါလိမ့်မည်။

အထူးသဖြင့် ကျွန်တော်တို့ကဲ့သို့ သော မိုဘိုင်းဖုန်းအင်တာနက်သမား များမှာ ပို၍ပင် အဆင်မပြေဖြစ်ကြရပါ သည်။ ထို့ကြောင့်ပင်လျှင် မြန်မာ့အင် တာနက်သုံးပါများလျှင် သည်းခံခြင်း တရား ပြည့်စုံလာမည် ဟူ၍ လည်း ကောင်း၊ မြန်မာ့အင်တာနက်ဆိုတာအဝိုင်းကလေး လည်နေတာပါပဲ ကွာဟု လည်းကောင်း၊ အဝိုင်းကလေး တ လည်လည် ဟုလည်းကောင်း၊ အင်ကြာ နက်ဟုလည်းကောင်း အမျိုးမျိုးအဖုံဖုံ သရော်နေကြခြင်းဖြစ်ပါလိမ့် မည်။ စက် ပိုင်းဆိုင်ရာ တစ်စုံတစ်ခုကို မွမ်းမံပြင် ဆင်နေခြင်းကြောင့် ထို သို့နှေးကွေးသည် ဆိုလျှင် လည်း နှေးကွေးနေသည်မှာအချိန်ကြာမြင့် လှပါပြီ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ဆက်သွယ် ရေးအပေါ်တွင် ရာခိုင်နှုန်းအတော် များများ တည်မှီနေသည်ဟုလည်း ယုံ ကြည်မိပါသည်။

သို့ရာတွင် တစ်ဖက်မှကြည့်လျှင် လည်း မပြည့်စုံသော အခြေခံအဆောက် အအုံပေါ်တွင်အခြေခံကာ ပြည်သူတို့ လိုအင်ကို ဖြည့်ဆည်းပေးနေရသဖြင့် စိတ်ထင်တိုင်း မလှမ်းနိုင်သည်လည်း ဖြစ်ပါလိမ့်မည်။ယခု ဆက်သွယ်ရေး ဒုဝန်ကြီးဖြစ် သူ ဦးသောင်းတင်ကို မြန်မာနိုင်ငံ၏ ပထမဆုံး CNE(Certified Network Engineer) မဖြစ်မီ ကတည်းကပင်လျှင် သူ၏ KMD ကွန်ပျူတာ သင်တန်းများ ကြောင့် ထူးချွန်သော လူငယ်အင်ဂျင်နီ ယာတစ်ဦးအဖြစ် သတိပြုမိခဲ့ပါသည်။ နောက်ပိုင်းတွင်လည်း သူ၏ေ အာင်မြင် မှုများကို စဉ်ဆက်မပြတ်ကြားသိခဲ့ရ ပါသည်။ တစ်ဖန် ယခုကဲ့သို့ ဆက်သွယ် ရေး ဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့်အခါတွင် လည်း စစ်ဘက်မှမဟုတ်သည့် အရပ် သားပညာရှင်တစ်ဦးကတော့ဖြင့် သူနှင့် ထိုက်တန်သော နေရာသို့ရောက်ရှိလာပြီ၊ ငါတို့ အခက်အခဲတွေ မကြာမီပြေ လည်တော့မည်ဟု အထူးဝမ်းသာမိပါ သည်။

ကျွန်တော့်တစ်ဦးတည်း သဘော အရမူ ထူးချွန်သော လူငယ်အင်ဂျင်နီ ယာတစ်ဦးဖြစ်သည့် ဦးသောင်းတင် အနေဖြင့် နည်းပညာပိုင်းကိုလည်း တတ်ကျွမ်းနားလည် သူဖြစ်လေရကား ယခင်ကထက် ပြည်သူများပိုမို အဆင် ပြေလာစေရန် ကူညီဆောင်ရွက်ပေးနိုင် လိမ့်မည်ဟု ယုံကြည်မိ ပါကြောင်း အယ် ဒီတာမှတစ်ဆင့် တင်ပြလိုက်ရပါ သည်။

ကြည့်မြင်တိုင်သား

အေးချမ်းမွန် Credit To >Popular Myanmar News Journal < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top