အင်ဂျင်နီယာတစ်ယောက် သူ့မိန်းမ ပျောက်လို့ စခန်းမှာ သွားတိုင်ပါတယ်။ ဒါကြောင့်မို့ ရှာဖွေတွေ့ရှိနိုင်အောင် ရဲက သူ့ကိုအချက်အလက်တွေ မေးပါတယ်။
ရဲ - ခများ မိန်းမရဲ့  အရပ် ဘယ်လောက်ရှည်လဲ
အင်ဂျင်နီယာ - သတိမထားမိဘူး ဆရာ...။
ရဲ - ဒါဆို အသားအရည် ကော်..။
အင်ဂျင်နီယာ - အသားအရည်လည်း သတိမထားမိဘူး ဆရာ...။
ရဲ - ဆံပင်အရောင်ကရော်...။
အင်ဂျင်နီယာ - အဲဒါက ရာဦဥတုအလိုက်ပြောင်းနိုင်တယ်မလား ဆရာ။ ကျနော် မမှတ်မိဘူး....။
ရဲ - ပိန်လား၊ ဝလား ..။
အင်ဂျင်နီယာ - အဲဒါလည်း သေချာမသိဘူး။ ကျန်းမာရေး ကတော့ ကောင်းမယ် ထင်တယ်...။
ရဲ - ဒါဆို ဝတ်ထားတဲ့ အဝတ်ကိုရော် သိလား...။
အင်ဂျင်နီယာ - ဟင့်အင်း သိဘူး..။
ရဲ - အိမ်ကနေထွက်တုန်း သူ ကားပါသွားလား..။
အင်ဂျင်နီယာ - ဟုတ်ပါသွားတယ် ဆရာ...။
ရဲ - ဒါဆို ကားရဲ့  အသေးစိတ် အချက်အလက်ကို ပြောပြပါအုံး ..။။
အင်ဂျင်နီယာ - နံပါတ် 133.4454.. . ကား အမျိုးအစား Audi A8. စူပါချာဂျာ အင်ဂျင်တပ်၊ ဆလင်ဒါ ၆ လုံးပူး V အင်ဂျင်၊ မြင်းကောင်ရေအား ၃၃၃၊ ဂီယာ ၈ ချက်ထိုး Tiptronic အော်တို အမျိုးအစား၊ manual လည်းပြောင်းလို့ရ၊ ကား အပြင်ဘော်ဒီ နီညိုရောင်၊ LED မီးလုံး အပြည့်ပါ၊ ကားနောက်ဘီး ဘယ်အောက်မှာ ပွန်းရာ အနည်းငယ်ရှိ။ ကာဘွန်ဖိုက်ဘာ ဘော်ဒီသား၊ တံခါး လေးပေါက်။ နောက်မှာ Aerodynamic တပ်ဆင်းထား.....။
(ပြောနေရင်း အင်ဂျင်နီယာ ငိုပါတော့သည်)
ရဲ - စိတ်မပူပါနဲ့ ခများ ကားကို တွေ့အောင် ကျနော်တို့ အမြန်ဆုံး ရှာဖွေ စုံစမ်း ပေးပါ့မယ်။
.
Ref:techjoke
အောင်ခမ်း ( smart.com.mm )
အေးချမ်းမွန် Credit To >Smart Pro Journal
http://ayechanmon-news1.blogspot.com/
Post a Comment