0

ရန်ကုန်၊ နိုဝင်ဘာ ၂၉

တယ်လီနောမြန်မာက ဒီဇင်ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် အလုပ် လျှောက်ထားသူများထဲမှ ရွေးချယ်ခံရသူ တစ်ထောင်ကျော်ကို အင်တာဗျူး ခေါ်ယူ၍ ၇၀ ကျော်ခန့်ကို ဝန်ထမ်းခန့်အပ်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ ဝန်ထမ်းရေးရာ အရာရှိချုပ် Ms.Tipayarat Kaewsringarm က ပြောကြားသည်။

တယ်လီနောမြန်မာသည် ဒီဇင်ဘာ ၅ ရက်နေ့တွင် Telenor Career Seminar ပြုလုပ်မည် ဖြစ်ပြီး ဒေါက်တာ အောင်ထွန်းသက်၊ တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Telenor Career Seminar နှင့် ဝန်ထမ်းရေးရာ အရာရှိချုပ် ဖြစ်သူ Ms.Tipayarat Kaewsringarm တို့က လူငယ်များနှင့် အလုပ်လျှောက်ထားရန် စိတ်ပါ ဝင်စားသူများကို ၎င်းတို့၏ အတွေ့အကြုံများကို ဟောပြော ပို့ချမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ဝန်ထမ်း အင်တာဗျူးခြင်းနှင့် အင်္ဂလိပ်စာ Test များ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
“ဟောပြောပွဲမှာ CV ပါတင်လို့ရတာ ကောင်းတယ်။ ပညာရှင်တွေ ပြောတာကို နားထောင်ပြီး ကိုယ်တိုင် ဘာလုပ်သင့်လဲဆိုတာ ရွေးချယ်လို့ ရတာပေါ့” ဟု တယ်လီနော မြန်မာ၏ Marketing ဌာနတွင် အလုပ်လျှောက်ထားရန် ပြင်ဆင်နေသူ အသက် ၂၂ နှစ်အရွယ် ဒေါ်ဇာဇာလှိုင်က ဆိုသည်။

မြန်မာလူမျိုး ဝန်ထမ်း ၉၉ ရာခိုင်နှုန်းအထိ ခန့်အပ်မည်ဟု ကတိပေးထားသော တယ်လီနောမြန်မာက ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်နိုင်ရန် အစိုးရက ချထားပေးမည့် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လိုင်စင်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top