0


မနီလာ၊ နိုဝင်ဘာ ၈။

ကမ္ဘာပေါ်တွင်အင်အားအပြင်းထန်ဆုံးမုန်တိုင်းဖြစ်သည့် ဟိုင်ယန်တိုင်ဖုန်းမုန်တိုင်းသည် မနီလာအရှေ့ တောင်ဘက်
ကီလိုမီတာ ၆၀၀ခန့် အကွာရှိ စမားကျွန်းဆုမှ ဖိလစ်ပိုင် အနောက်မြောက်ပိုင်းသို့ လျင်မြန်စွာရွေ့ လျားလျက်ရှိကြောင်း ဖိလစ်ပိုင်မိုးလေ၀သပညာရှင် ဒီမီရိုကာ ဂျူးလစ်က AFP သတင်းဌာနသို့ ပြောကြားလိုက် သည်။

ဖိလစ်ပိုင်သမ္မတ ဘန်နစ်နိုအကွီနိုက ဟိုင်ယန်မုန်တိုင်း
အတွက် ကြိုတင်ပြင်ဆင်ထားကြရန် ပြည်သူများအား
သတိပေးခဲ့သည်။

ယင်းမုန်တိုင်းသည် တစ်နာရီလျှင် ၃၈၀ကီလိုမီတာ
၂၃၅ မိုင်နှုန်းဖြင့် ဖိလစ်ပိုင်သို့ ဦးတည်၍ရွေ့လျားလျက်ရှိပြီး ဖိလစ်ပိုင်ကယ်ဆယ်ရေး ၀န် ထမ်းများအနေဖြင့် ဟိုင်ယန်
မုန်တိုင်း ဖိလစ်ပိုင်သို့ မ၀င်ရောက်မီ ရွေ့ပြောင်းနေရာချ
ထားမှုများ တတ်နိုင်သမျှပြုလုပ်ရန် အကွီနိုက ရုပ်မြင်သံကြားမှ
ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦးကူညီကြမယ်ဆိုရင် မုန်တိုင်းရဲု့ဆိုးကျိုးဒဏ်နည်းပါးစေအောင် ကာကွယ်နိုင်
ပါတယ်။ မုန်တိုင်းကာလ အတွင်း လိုအပ်မယ့်အစားအ
သောက်တွေလည်း ကြိုတင်ဝယ်ယူတာ၊ လုံခြုံမယ့်နေရာကို ကြိုတင်ရွေ့ပြောင်းတာတွေ ပြုလုပ်ရမှာ ဖြစ်ပါ တယ်”ဟု အကွီနိုက ပြောကြားသည်။

အမေရိကန်ရေတပ် တိုင်ဖုန်းသတိပေးရေးဌာနမှထုတ်ပြန်
ချက်အရ ယင်းမုန်တိုင်းသည် တစ်နာရီလျှင် ၃၁၅ ကီလို
မီတာနှုန်းဖြင့် စတင်တိုက် ခိုက်ခဲ့ပြီး၊ ဖိလစ်ပိုင်သို့ ၃၇၉ကီလို
မီတာနှုန်းဖြင့် ချဉ်းကပ်လာလျက်ရှိ ကြောင်း ထုတ်ပြန်ခဲ့သည်။

ဟိုင်ယန်မုန်တိုင်းဝင်ရောက်တိုက်ခိုက်နိုင်ဖွယ်ရှိသည့်
ဒေသများမှပြည်သူ ၁၂၅၀၀၀ကျော်ကို ကြိုတင်၍
ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက
ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းတိုက်ခိုက်မည့် လမ်းကြောင်းအတွင်းရှိ ကျောင်း
များအား ပိတ်ထားမည်ဖြစ်ပြီး၊ ငါးဖမ်းသင်္ဘော များမထွက်
ကြရန်လည်း အာဏာပိုင် တို့က ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်လေကြောင်းလိုင်းများ၊ စီဘူပစိဖိတ်လေကြောင်း
လိုင်းနှင့် အခြားလေကြောင်းလိုင်းများ၏ လေကြောင်းခရီးစဉ် ရာပေါင်းများစွာ ရွှေ့ဆိုင်းခဲ့ကြောင်း ကြေညာခဲ့သည်။

လူပန်းအိမ်

အေးချမ်းမွန် Credit To >People power https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top