နိုဝင်ဘာ ၂၇။
နီပေါတွင် ရှေးဟောင်းသုတေသနအဖွဲ့ တစ်ဖွဲ့က ခရစ်ပေါ်မီ ၆ရာစုကတည်းကဟု အတည်ပြုနိုင်သည့် ကမ္ဘာ့ရှေးအကျဆုံး ဗုဒ္ဓဘုရားကျောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့တွင် ပါဝင်ခဲ့သော ဗြိတိန်နိုင်ငံ ဒါယန်တက္ကသိုလ်မှ
ရှေးဟောင်းသုတေသန ပညာရှင် Kohs Prasad Acharya က ယခုတွေ့ရှိသည် သစ်သားကျောင်း အစိတ်အပိုင်းပြီး လုမ္ဗိနီမှ မာယာဒေ၀ီဘုရားကျောင်းအတွင်း တူးဖော်တွေ့ရှိခဲ့ ဖြစ်သည်ဟု
နိုဝင်ဘာ ၂၆ရက်က ဆိုသည်။
ယခုတွေ့ရှိချက်ကို Antiquity ဂျာနယ် ဒီဇင်ဘာလထုတ် တွင် ရေးသားဖော်ပြထားသည်။
သိဒ္ဓတ္ထဂေါတမဟု အမည်တွင်သော ဗုဒ္ဓဘုရားရှင်သည်
ခရစ်မပေါ်မီ ၆ရာစုက ယင်းဘုရားကျောင်းရှိသော နေရာ အနီးဝန်းကျင်တွင် မွေးဖွားခဲ့မည်ဟု လက်ခံထားကြသည်။
ပညာရှင် Acharya က သူတို့အဖွဲ့သည် ရေဒီယိုကာဘွန်နှင့် အပူဓာတ်မဲ့အလင်းလွှတ်နည်းစနစ်များကို အသုံးပြုခဲ့ရာမှ ယခု သစ်သားကျောင်းတော်ကို ခြေရာခံနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရှေ့ပိုင်းက တူးဖော်ရေးအဖွဲ့သည် ဘုရား
ကျောင်းအတွင်း အုတ်အဆောက်အဦ တစ်ခုတွေ့သည်ဟုသာ ထင်ခဲ့ကြပြီး နောက်ပိုင်းမှ သစ်သားကျောင်းကြောင်း သိခဲ့ကြသည်။
ယခု ရှေးဟောင်းသုတေသန အဖွဲ့တွင် စကော့တလန်မှ
စတားလင်း တက္ကသိုလ်မှ ပညာရှင်များလည်း ပူးပေါင်းပါဝင်ခဲ့သည်။ သူတို့အဖွဲ့သည် လွန်ခဲ့သော သုံးနှစ်ကတည်းက လုပ်ငန်းများ စတင်ခဲ့ကြသည်။
Acharya က ယခုတွေ့ရှိမှုသည် ဗုဒ္ဓနှင့်ပတ်သတ်သော ရက်စွဲစဉ်
သမိုင်းကို လက်တွေ့ကျကျ ဖော်ပြနိုင်ရန် အထောက်အကူပြုသဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်တို့အတွက် သတင်းကောင်း တစ်ရပ်ဖြစ်ကြောင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဆိုသည်။ ဒါဟန်တက္ကသိုလ်မှ သုတေသနပညာရှင် Robin Coningham ဗုဒ္ဓ၏ ဘ၀နှင့်ပတ်သတ်ပြီး ကျမ်းစာအုပ်များနှင့် နှုတ်ဖြင့်
အာဂုံဆောင်မှုများတွင် အပြည့်အ၀ ရှိသော်လည်း ပြင်ပတွင်မူ အထောက်အထားများမှာ အနည်းငယ်သာကျန်ခဲ့ကြောင်း၊
ယခုအခါတွင်မူ ခရစ်မပေါ်မီ ၆ရာစုက အထောက်အထားများကို ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် လုမ္ဗိနီတွင် တွေ့ရခြင်းဖြစ်ကြောင်း
ဆိုသည်။
ဗုဒ္ဓနှင့်သတ်ဆိုင်သော တွေ့ရှိမှုများတွင် တစ်ချိန်က ဘီစီ
၃ရာစုက စိုက်ထူခဲ့သော အသောကမင်း၏ ကျောက်တိုင်များ ကသာ ရှေးအကျဆုံးအဖြစ် သတ်မှတ်နို်င်ခဲ့သည်။ ယခုတွေ့ရှိမှုမှာမူ ကျမ်းဂန်များမှလာသော ဗုဒ္ဓသာသာနာ ထွန်းကားခဲ့သည့် ရာစုနှစ်နှင့် အထောက်အထားသစ်များမှ သက်သေပြထားသော ရာစုနှစ်တို့ တိုက်ဆိုင်လာခြင်း ဖြစ်သည်။
Ref: AP
အေးချမ်းမွန် Credit To > The Myanma Age
Post a Comment