0


နေပြည်တော်၊ နိုဝင်ဘာ ၁၆

၁၄-၁၁-၂၀၁၃ ရက်နေ့ ၀၈၄၀ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးလေဆိပ်၊ ဆိုက်ရောက်ခရီးသည်နိုင်ငံခြားသားများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၀င်ကြေးကောက်ခံသည့် စားပွဲပေါ်တွင် ခရီးသည်တစ်ဦးမေ့ကျန်ခဲ့သော ပိုက်ဆံအိတ်နက်ပြာရောင်(၁)လုံးအား လေကြောင်း ရဲတပ်ဖွဲ့စုမှူးရုံး(ပုဂံ-ညောင်ဦး)မှ တပ်ဖွဲ့ဝင်တစ်ဦးက တွေ့ရှိခဲ့သည်။ အဆိုပါပိုက်ဆံအိတ်အား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှဝန်ထမ်းများရှေ့တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ပိုက်ဆံအိတ် အတွင်းမှ အမေရိကန်ဒေါ်လာတစ်ရာတန်(၁၂)ရွက်၊ ငါးဆယ်တန်(၁၀)ရွက်၊ နှစ်ဆယ်တန်(၁၂)ရွက်၊ တစ်ဆယ်တန်(၁)ရွက်၊ ငါးကျပ်တန်(၃)ရွက်၊ တစ်ကျပ်တန်(၁၀)ရွက်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၉၇၅)နှင့် မြန်မာကျပ်ငွေ ငါးထောင်တန်(၁၁၆)ရွက်၊ တစ်ထောင်တန်(၂၀၂)ရွက်၊ ငါးရာကျပ်တန် (၂)ရွက်၊ စုစုပေါင်းငွေကျပ်(၇၈၃၀၀၀ိ/-)၊ စုစုပေါင်းကာလတန်ဘိုးငွေကျပ်(၂၆၉၂၈၂၅ိ/-)အား တွေ့ရှိရ သဖြင့် ပိုက်ဆံအိတ်အားသိမ်းဆည်းထားရှိပြီး ပိုင်ရှင်အားစုံစမ်းရှာဖွေခဲ့သည်။
ထိုသို့စုံစမ်းရှာဖွေခဲ့ရာ အဆိုပါပိုက်ဆံအိတ်ပိုင်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းနေ ဧည့်လမ်းညွှန်လုပ်ကိုင်သူ ဦးမောင်မောင်ငြိမ်းချမ်း(၃၅)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၎င်းသည် ယင်းနေ့ ၀၈၃၀ အချိန်ခန့်က Air KBZ လေကြောင်းလိုင်း၊ K7-242 လေယာဉ်ဖြင့် ပုဂံ-ညောင်ဦး လေဆိပ်သို့ နိုင်ငံခြားသားခရီးသည်များနှင့်အတူရောက်ရှိလာကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၀င်ကြေး ကောက်ခံသည့်စားပွဲ၌ ဧည့်သည်များအတွက် ဇုန်ဝင်ကြေးပေးဆောင်စဉ် မေ့ကျန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံစွာ ပြောဆိုပြသနိုင်ခဲ့သဖြင့် ၁၅-၁၁-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ပုဂံ-ညောင်ဦးလေဆိပ်ထွက်ခွာခရီးသည်နားနေဆောင်(၂)တွင် အဆိုပါပိုက်ဆံအိတ်အား ပိုင်ရှင်ဖြစ်သူ ဦးမောင်မောင်ငြိမ်းချမ်းထံသို့ လေကြောင်းရဲတပ်ဖွဲ့စုမှူးရုံး(ပုဂံ-ညောင်ဦး)မှတပ်ဖွဲ့ဝင်များက ပြန်လည်အပ်နှံ ပေးခဲ့ကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To >ရဲဇာနည် https://www.facebook.com/excellencemedia

Post a Comment

 
Top