0

နေပြည်တော်၊ နိုဝင်ဘာ ၁၆

၁၅-၁၁-၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန် အမှတ်(၁၀၁)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(နေပြည်တော်)နှင့် အမှတ်(၂၃)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(တန့်ယန်း)မှတပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့် မိုင်းရယ်မြို့နယ်၊ ဟိုယလမ်းဆုံတွင် လားရှိုးမှတန့်ယန်းသို့မောင်းနှင်လာသည့် ၁က/xxxx ““ပင်တိုင်””ခရီးသည်တင် ဗင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ လားရှိုးမြို့၊ ရပ်ကွက်(၇)နေ ရှောက်ဟွာ(၄၈)နှစ်၏ပန်းသီးစက္ကူဂျပ်ဖာနှင့်ပဲနို့စက္ကူဂျပ်ဖာများအတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၉၉ ခွက်၊ အလေးချိန်(၁.၇၂၆)ကီလို၊ တန်ဘိုးငွေကျပ်(၃၄၅.၂)သိန်းအား ဖမ်းဆီးရမိသောကြောင့် ရှောက်ဟွာအား မိုင်းရယ်မြို့မရဲစခန်း မယ(ပ)၁၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To >ရဲဇာနည်https://www.facebook.com/excellencemedia

Post a Comment

 
Top