နိုဝင်ဘာ၂၉ရက်ထုတ် နိုင်ငံပိုင်သတင်းစာတစ်စောင် ၏ နောက်ကျောတွင် စိတ်ဝင်စားစရာသတင်း တစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ယင်းမှာ ရေဆင်းစိုက် ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသစ်ကြီး မကြာမီ ဖွင့်တော့မည်ဟူသောသတင်းဖြစ်သည်။
စိတ်ဝင်စားစရာ က ထိုဘွဲ့နှင်းသဘင်ခန်းမသစ်ကြီး ဖွင့်တော့မည့်သတင်း ကြောင့်မဟုတ်ပါ။ ရေဆင်းစိုက် ပျိုးရေး တက္ကသိုလ်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ခန့်ကတည်းက ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စိုက်ပျိုးရေး တက္ကသိုလ်ဟူ သောဘွဲ့ကို စတင်ဖွင့်လှစ်ခဲ့သည့် အချိန်မှစ၍ ယခုထက် တိုင်ရရှိနေဆဲဖြစ်ခြင်းကြောင့်ပ
၂၀၁၄ခု နှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည်
ဆက်စပ်စဉ်းစားကြည့်လျှင် မြန်မာနိုင်ငံ တွင် ကျေး လက်ဒေ သနေ တောင် သူ လယ်လုပ်ဟုဆိုလိုဆို၊ တောင်သူ ဦးကြီးများ ဟု ပြောလိုပြော၊ တိုင်းပြည်၏ကျေးဇူး ရှင်ကြီး များဟု အမွှမ်းတင်လိုတင်ခဲ့ကြသော လယ်ယာ လုပ်သား များသည် နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ရဝရှိသည်။
မြန်မာ နိုင်ငံသည် ယခင်မှ ယခုအခြေအနေထိ လယ်ယာစိုက်ပျိုး ရေးကို အဓိကအားထား လုပ်ကိုင်နေရသည့်တိုင်းပြည် ဖြစ်သည်။ ယခင်ခေတ်က ခုန်ပျံကျော်လွှား စက်မှုစွမ်း အားတို့၊ စက်မှုစွမ်းအား ပြည်ထွန်းကား တို့ ကြွေးကြော် ခဲ့သော်လည်း ဘာမှဖြစ်မလာပါ။
ဒုံရင်းဒုံရင်းသာရှိခဲ့ပါ သည်။
ယခုလည်း လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ဟူပြီး ကြွေးကြော်နေပြန် သည်။ လယ်ယာစိုက်ပျိုးရေး နှင့်ပတ်သက်လို့ ဘာလာလာ၊ ဘာလုပ် လုပ် နေပြည် တော် စံပြစိုက်ကွင်းထဲမှာပဲ အလုပ်ပြ လှည့်လည်ပြနေ သည်ကို တွေ့ရပါသည်။ ဒါ့အပြင် တောင်သူဦးကြီးများ အတွက် ဘဝသရုပ်ဖော်သီချင်းရေးစပ်ပြိုင်
ထိုအရာတွေက တောင်သူတွေ အတွက် သီးနှံအထွက်တိုး၊ ဝင်ငွေတိုးစေမည့် အရာများ မဟုတ်ပါ။ အဓိကက စိုက်ပျိုးရေးပညာရှင်များ များများ မွေး ထုတ်ပေး နိုင်ရန်သာ ကြိုးစားပေးသင့်ပါသည်။ ယခု ကြည့်ပါ။ ရေဆင်းစိုက် ပျိုးရေးတက္ကသိုလ်မှ နှစ်ပေါင်း ၅၀ အတွင်း မွေးထုတ်ပေးနိုင် ခဲ့ သည့် ကျောင်း သား၊ ကျောင်း သားဦးရေမှာ ၁၁၁၀၅ဦးမျှသာ ရှိပါသည်။
ထိုအထဲတွင် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ၁၀၁၄၅ဦး၊ မဟာဘွဲ့ရ ၃၄၃ဦး၊ ပါရဂူဘွဲ့ရ ၂၅ဦး၊ မဟာဒဿနဘွဲ့ရခြောက်ဦး၊ ဘွဲ့လွန် ဒီပလိုမာဘွဲ့ရ ၂၁ဦး၊ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေး ဒီပလိုမာဘွဲ့ရ ၅၆၅ဦး ဖြစ် သည်။ မြန်မာနိုင်ငံတွင် ကျေး ရွာပေါင်း ၆၀၀၀၀ ကျော်မျှသာ ရှိပါသည်။
အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး လုပ်နေပါသည် ဆိုစေကာ မူ ယုံကြည်ရန်ခက်သည်မှာ လယ်ယာ စိုက်ပျိုးရေး ကို အမှန်တကယ် အထောက်အကူပြုစေနိုင်မည့် စိုက်ပျိုးရေး တက္ကသိုလ်များကို ယခုထက် ပိုမိုထူထောင်သင့်ပါလျက် တိုင်းပြည်အနှံ့ ဖွင့်လိုက်သည့်တက္ကသိုလ်များထဲတွ
လယ်ယာကဏ္ဍတွင် သုတေသနပညာရှင်များ၊ မျိုးစေ့ပညာရှင်များ၊ စိုက်ပျိုး နည်းစနစ်သစ်များကို တောင်သူတွေ အားထားယုံကြည် စေမည့် ပညာရှင်များ များများရှိမှသာလျှင် ထိုကဏ္ဍ အမှန် ဖွံ့ဖြိုးတိုး တက်စေနိုင် မည် ဖြစ်ပါသည်။ သို့မှသာ မြန်မာ့ လယ်ယာ ကဏ္ဍ ပြန်လည် ဦးမော့လာစေမည်ဖြစ် ရာ စိုက်ပျိုးရေးတက္ကသိုလ် များအား မြန်မာ့ စပါးကျီ ဒေသများတွင် ပေါ်ထွန်းအောင် လုပ်ဆောင်သင့်လှ ပေကြောင်း။
အယ်ဒီတာ
နိုဝင်ဘာ ၂၉၊ ၂၀၁၃
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/
Post a Comment