ဒေါ်အောင်ဆန်းစုကြည်ကို ဆစ်ဒနီ လေဆိပ်မှာ ကြိုဆိုနေစဉ်
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို ရောက်ရှိလာပါပြီ။
ဒေသစံတော်ချိန် မနက် ၈ နာရီခန့်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး မြန်မာ မိသားစုဝင် ၁၀၀ လောက်က လာရောက် ကြိုဆို ခဲ့ကြတယ်လို့ သိရပါတယ်။
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြိုဆိုခွင့် တားမြစ်ခံခဲ့ရတဲ့ကြားက ဇွဲရှိရှိလာရောက်ကြတဲ့ မြန်မာ မိသားစုဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က လုံခြုံရေးတွေကို ကျော်ဖြတ်ပြီး တရင်းတနှီး နုတ်ဆက်ခဲ့ကြပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ဟာ ကျမတို့အတွက်ရော တကကမ္ဘာလုံး အတွက် အရေးကြီးပါတယ်၊ သူ့ ကို ကြိုဆိုဖို့ မနက် ၄ နာရီ က ထ ပြီး လာ ခဲ့ တာ ဖြစ်ပါတယ်။ "..... က ရင်မိသားစု ပြော ကြားချက်။
ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ဝိုင်းဝန်းလက်ဆွဲနှုတ်ဆက် ကြိုဆိုခွင့်ရ
သူတစ်ဦးကတော့သေပျော်ပါပြီ တဲ့။
အေးချမ်းမွန် Credit To >Radio Australia - Myanmar

Post a Comment