Created on Saturday, 30 November 2013 01:23
သြစတြေးလျနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်စေရန်အတွက် အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောကြားသည်။
"ပြည်တွင်းမှာရှိတဲ့ အစွန်းရောက် အုပ်စုတွေအပေါ် အာရုံစိုက်နေတဲ့အပေါ် ကျွန်မအနေနဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။ ဒီအသိုင်းအ၀ိုင်းနှစ်ခုဟာ အမုန်းတရားတွေနဲ့ မတည်ငြိမ်မှုတွေကို ဆက်လက် လုပ်ဆောင်လာနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မကို တစ်ခုခုပြောစေချင်တဲ့ သူတွေအနေနဲ့ အစိုးရကို တရားဥပဒေ စိုးမိုးရေး ဖော်ဆောင်ဖို့ တိုက်တွန်းစေလိုပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့တွင် ABC သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
အကြမ်းဖက်မှုများ အဆုံးသတ်သွားပါက မတူညီသည့် အသိုင်းအ၀ိုင်းနှစ်ခုကြား ကွဲပြားမှုများနှင့် ဆန့်ကျင်မှုများကို ပူးပေါင်း ဖြေရှင်းနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
"ကျွန်မတို့အနေနဲ့ အားလုံးကို ခြုံငုံသုံးသပ်ဖို့ လိုပါတယ်။ လက်စားခြေမှုကို လိုချင်နေတဲ့ သူတွေရဲ့ ခံစားချက်တွေကိုပဲ လိုက်ကြည့်နေလို့ မဖြစ်ပါဘူး။ အကြမ်းဖက်မှု သံသရာကို အဆုံးသတ်ဖို့ နည်းလမ်းရှာဖွေပြီး တိုင်းပြည်ရဲ့ အနာဂတ်ကို တည်ဆောက်သွားရပါမယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ABC သတင်းဌာနသို့ ပြောကြားသည်။
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/
Post a Comment