ကမ္ဘာပေါ်မှာ
အရင်းနှီးဆုံးလူသားတွေက
မိဘ နဲ့  သားသမီးဘဲ
ဒါပေမယ့်
တခါတလေကျရင်
မိဘတွေကဖြစ်သင့်တာတွေ ဖြစ်စေချင်တာတွေများတယ်
သားသမီးတွေကလည်း လူငယ်ပီပီ စိတ်ထင်တိုင်းလုပ်ချင်တယ်
တခါတလေ
မိဘတွေက ကိုယ့်သားသမီးဆင်စီးမြင်းရံတာကိုမြင်စေချင်တယ်
သားသမီးတွေကလည်း ကိုယ့်နှလုံးသားစေရာကိုလိုက်ချင်ကြတယ်
တခါတလေ
မိဘတွေက ခလုတ်ဆူးခင်းမရှိတဲ့လမ်းကိုဖောက်ပေးကြတယ်
သားသမီးတွေကလည်း စူးစမ်းချင်စိတ်နဲ့ လမ်းသစ်ကိုရှာဖွေချင်ကြတယ်
အမြဲတမ်း တကျက်ကျက် ရန်ဖြစ်နေတတ်တာလည်း
ကိုယ်နဲ့  မိဘ ပါဘဲ
အမြဲတမ်း စိုးရိမ်တကြီးနဲ့  စိတ်ပူပေးတတ်တာလည်း
ကိုယ် ရဲ့  မိဘ ပါဘဲ
အမြဲတမ်း အရှေ့ က မားမားမတ်မတ်ရပ်တည်ပေးတာကလည်း
ကိုယ့်ရဲ့  မိဘ ပါဘဲ
ကိုယ့်ရဲ့ လက်ချောင်းတွေတောင်မှ အတိုရှည်မညီတာ
လူတယောက်နဲ့ တယောက် အမြဲတမ်းသဘောထားချင်းမတိုက်ဆိုင်နိုင်ပါဘူး
ကိုယ့် အပေါ် အကောင်းဆုံး ဆိုတာ သိနေပင်မယ့်လည်း
တခါတလေတော့ နွဲ့ ဆိုးလေး ဆိုးနေချင်မိတယ်...မေမေနဲ့ ဖေဖေရယ်~~~
( ဇင် နှင်း )
အေးချမ်းမွန် Credit To >အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေhttps://www.facebook.com/excellencemedia
အရင်းနှီးဆုံးလူသားတွေက
မိဘ နဲ့  သားသမီးဘဲ
ဒါပေမယ့်
တခါတလေကျရင်
မိဘတွေကဖြစ်သင့်တာတွေ ဖြစ်စေချင်တာတွေများတယ်
သားသမီးတွေကလည်း လူငယ်ပီပီ စိတ်ထင်တိုင်းလုပ်ချင်တယ်
တခါတလေ
မိဘတွေက ကိုယ့်သားသမီးဆင်စီးမြင်းရံတာကိုမြင်စေချင်တယ်
သားသမီးတွေကလည်း ကိုယ့်နှလုံးသားစေရာကိုလိုက်ချင်ကြတယ်
တခါတလေ
မိဘတွေက ခလုတ်ဆူးခင်းမရှိတဲ့လမ်းကိုဖောက်ပေးကြတယ်
သားသမီးတွေကလည်း စူးစမ်းချင်စိတ်နဲ့ လမ်းသစ်ကိုရှာဖွေချင်ကြတယ်
အမြဲတမ်း တကျက်ကျက် ရန်ဖြစ်နေတတ်တာလည်း
ကိုယ်နဲ့  မိဘ ပါဘဲ
အမြဲတမ်း စိုးရိမ်တကြီးနဲ့  စိတ်ပူပေးတတ်တာလည်း
ကိုယ် ရဲ့  မိဘ ပါဘဲ
အမြဲတမ်း အရှေ့ က မားမားမတ်မတ်ရပ်တည်ပေးတာကလည်း
ကိုယ့်ရဲ့  မိဘ ပါဘဲ
ကိုယ့်ရဲ့ လက်ချောင်းတွေတောင်မှ အတိုရှည်မညီတာ
လူတယောက်နဲ့ တယောက် အမြဲတမ်းသဘောထားချင်းမတိုက်ဆိုင်နိုင်ပါဘူး
ကိုယ့် အပေါ် အကောင်းဆုံး ဆိုတာ သိနေပင်မယ့်လည်း
တခါတလေတော့ နွဲ့ ဆိုးလေး ဆိုးနေချင်မိတယ်...မေမေနဲ့ ဖေဖေရယ်~~~
( ဇင် နှင်း )
အေးချမ်းမွန် Credit To >အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ
Post a Comment