0

နိုင်နိုင်ဇော်


ရန်ကုန် ၊ နိုဝင်ဘာ ၇ ။ ။ ယခုဘဏ္ဍာ နှစ် ပြည်ပဆန်တင် ပို့ မှုများ သိသာ စွာကျဆင်းမှုကြောင့် ပြည်တွင်း ဆန်လက်ကျန်များ၍ ဆန်ဈေးသိ သာစွာ ကျဆင်းနိုင်ခြေမရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ပြည်တွင်းဆန်ဈေး မှာ နိုင်ငံ တကာဆန်ဈေးထက် မြင့်မားနေ သည့်အပြင် တရုတ်နိုင်ငံသို့ ဗီယက် နမ်မှ ဆန်တိုးမြှင့်တင်ပို့နေခြင်း၊ တရုတ်နိုင်ငံ၏ ဆန်ထွက်ရာသီဖြစ် နေခြင်းကြောင့် နယ်စပ် မြန်မာ့ဆန် တင်ပို့မှုကျ ဆင်း ကာ ပြည်တွင်း ဆန်လက်ကျန်များသော်လည်း ဆန်ဈေးနှုန်း သိသာစွာ ကျ ဆင်း လာနိုင်ခြေမရှိဟု ဝါးတန်းအခြေ စိုက် ဆန်ကုန်သည်များ ထံမှသိရ သည်။

ဝါးတန်း ဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည် ဦးကျော်ကိုဆန်းက ''ဆန်ဈေး တအားကျဆင်းစရာ တော့မရှိပါဘူး။ တရုတ်ကမဝယ်လဲ ထိုင်းကိုတင်ပို့မှု ကတော့ ရှိနေတယ်။ ထိုင်းကတော့ ပြည်တွင်းဆန်ကို ပြန်ပြုပြင်ပြီး သူတို့ဆန်တွေနဲ့ရော ပြီး ဈေးကွက်ကိုဖြန့်တာဖြစ်တဲ့အ တွက် ပြည်တွင်း လက်ကျန်သိပ် များစရာမရှိနိုင်ပါဘူး''ဟုဆိုသည်။

လက်ရှိ စပါးပေါက်ဈေးမှာ လည်း တင်း ၁ဝဝလျှင် ကျပ်လေး သိန်းဝန်းကျင် သာရှိနေပြီး လုပ် သာကိုင်သာရှိနေကာ သိသာစွာ ကျဆင်းနိုင်ခြေ မမြင်မိကြောင်း ဖြည့်စွက်ပြောဆိုသွားသည်။

သတင်းအပြည့်အစုံသို့=>http://goo.gl/HU28NF

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top