0
ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဒိုင်နာယာဉ်လိုင်း လမ်းဘေးမြောင်းထဲသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ ရက်က (၉၁)ရပ်ကွက် မြို့နယ်မြို့မရဲတပ်ဖွဲ့ စခန်းရှေ့ ပဲခူးမြစ်လမ်းမကြီးပေါ်တွင် အရှေ့မှအနောက်သို့ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (စုံစမ်းဆဲ)မောင်းနှင်လာသော ခရီးသည်တင်ယာဉ်လိုင်း(၁၄၆)(အနီ) ယာဉ်အမှတ် ဘ/----- ဒိုင်နာအဝါရောင်သည် ခရီးသည်များ တင်ဆောင်မောင်းနှင်လာရာ ပဲခူးမြစ်လမ်းမပေါ်အရောက် အရှိန်မထိန်းနိုင် ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိပြီး လမ်းဘေးရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်သွားသဖြင့် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည် ဒေါ်မြသီတာဦး (၄၃)နှစ် ဝဲချိုစောင်း၊ ဝဲနံရိုး၊ ဝဲခါးနာကျင်၊ ဒေါ်ချိုချိုဝေလွင် (၂၇)နှစ် ယာချိုစောင်းပေါက်ပြဲ၊ မအေးအေးခိုင် (၁၄)နှစ် ယာနားထင်ပေါက်ပြဲ၊ ဒေါ်သန္တာဦး (၃၈)နှစ် ဦးခေါင်းပေါက်ပြဲ၊ ဒေါ်ခင်လေးလှိုင် (၃၃)နှစ် ယာချို စောင်းပေါက်ပြဲ၊ ဒေါ်နီလာအောင် (၃၉)နှစ် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ဒေါ်ခင်အေး သက် (၂၄)နှစ် ဝဲခြေထောက်နာကျင်၊ ဒေါ်ခင်လှ (၅၇)နှစ် မေးစေ့ပေါက်ပြဲ ဒဏ်ရာများရရှိသဖြင့် စံပြဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ကုသလျက်ရှိပြီး ယာဉ်တိမ်းမှောက်မှုအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးချမ်းမွန် Credit To > The Mirror Daily https://www.facebook.com/excellencemedia
1

Post a Comment

 
Top