0


မြောက်ကိုရီးယားနိုင်ငံက ဆီးရီးယားအစိုးရကို ရဟတ်ယာဉ်မောင်း
များနှင့် စစ်ဘက်ဆိုင်ရာ အကြံပေးများ ပို့လွှတ်ကာ ကူညီနေသည်ဆိုသည့် ပြည်ပမီဒီယာများ၏ စွပ်စွဲချက်သည် မှန်ကန်ုမှုမရှိကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်သော KCNA က ကြာသပတေးနေ့က ကြေညာခဲ့သည်။

အောက်တိုဘာလထုတ် ဂျေရုစလင်ပို့စ်တွင် ဆီးရီးယားတိုက်ပွဲ
များတွင် မြောက်ကိုရီးယား ရဟတ်ယာဉ်မောင်း ၁၅ ဦး သည်
သမ္မတ ဘာရှာအာဆက်အတွက် တိုက်ပွဲဝင်ပေးနေသည်ဟု
ရေးသားဖော်ပြခဲ့သည်။ ထိုသတင်းကိုပင် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အတည်ပြုခဲ့သည့်
နောက်ပိုင်း နိုင်ငံတကာမီဒီယာများတွင် သတင်းထူးတစ်ပုဒ်
ဖြစ်ခဲ့သည်။ စွပ်စွဲချက်များအရ ဆီးရီယားမှ အငြင်းပွားဖွယ်
လေကြောင်းတိုက်ပွဲများတွင် မြောက်ကိုရီးယား လူမျိုးတို့ တိုက်ရိုက်ပတ်သတ်နေသည့် သဖွယ် ဖြစ်ခဲ့သည့်အတွက်
ယခုကဲ့သို့ တရားဝင် ငြင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

အခြားသော သတင်းများတွင်လည်း ဆီးရီးယားတွင်
မြောက်ကိုရီယားအမြောက်တပ်မှ အရာရှိများ ရှိနေပြီး
သူတို့သည် စစ်ဆင်ရေးများ၏ နောက်ကွယ်တွင် ရှိသည်ဟု ဆိုကြသည်လည်း ရှိသည်။ သြဂုတ်လအတွင်းကလည်း ဂျပန်မီဒီယာများက မြောက်ကိုရီယားမှ ဆီးရီးယားသို့ပို့ရန်
လက်နက်နှင့် ဓာတ်ငွေ့မျက်နှာဖုံးများ တင်ဆောင်လာသော
သင်္ဘောကို တူရကီအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း
ဖော်ပြဖူးသည်။

မြောက်ကိုရီးယားသည် ဆီးရီးယားနှင့် ကာလရှည် ဆက်ဆံရေး
ရှိထားသော နိုင်ငံဖြစ်သည်သာမက ၂၀၀၇ခုနှစ်က အစ္စရေး က တိုက်ခိုက်ဖျက်ဆီးခဲ့သော ပလူတိုနီယမ်ဓာတ်ပေါင်းဖိုကိုလည်း တာဝန်ယူတည်ဆောက်ပေးခဲ့ဖူးသည်။ ဆီးရီးယား၏ ဓာတုလက်နက်များနှင့်လည်း ပတ်သတ်မှု ရှိသည်ဟု သတင်များ
ကဆိုသည်။

မြောက်ကိုရီးယားသည် နျူလက်နက်နှင့် ဒုံးကျည်အစီအစဉ်များ
အတွက် ကုလသမဂ္ဂက ပြင်းထန်စွာသတိပေးထားခံရသော
နိုင်ငံဖြစ်သလို နျူနှင့်ဒုံးကျည် နည်းပညာများ ပြန့်ပွားစေရန် ကြိုးပမ်းသည့်အတွက် အရေးယူပိတ်ဆို့မှုများ ခံထားရသော
နိုင်ငံဖြစ်သည်။

Ref: Reuters

အေးချမ်းမွန် Credit To >The Myanma Age https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top