0

အာကာစိုး

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ။ ။ အာဆီယံ အသေးစားနှင့် အလတ်စားလုပ် ငန်းများ အေဂျင်စီလုပ်ငန်းအဖွဲ့ ၏ (၃၃)ကြိမ်မြောက် အစည်း အဝေးကို ရန်ကုန်မြို့ Park Royal Hotel ၌ နိုဝင်ဘာ ၂၅ရက်မှ ၂ရရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း အသေးစားနှင့်အ လတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဗဟိုဌာနမှ သိရသည်။

ယင်းအစည်းအဝေးတွင် စီမံကိန်းများ ရေးဆွဲတင်ပြခြင်း၊ အာဆီ Blueprint ပါ စီမံကိန်း များ ASEAN Strategic Action Plan စီမံချက်များကို အကောင် အထည်ဖော်ရန် ဆွေးနွေးခြင်း၊စီမံကိန်းများအကောင်အထည် ဖော်စေပြီး ဆောင် ရွက် ခဲ့သည့် လုပ်ငန်းများအား ပြန်လည်သုံး သပ်ခြင်း၊ ပိုမိုကောင်းမွန်သော နည်းလမ်းများ၊ အမြင်များဖလှယ် လျက် သဘောတူညီချက်များရယူ ခြင်းများဖြင့် အာဆီယံဒေသအ တွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် နည်းပါးရေးကို ဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

အာဆီယံအသေးစားနှင့် အလတ်စားလုပ်ငန်းများ အေဂျင် စီလုပ်ငန်း အဖွဲ့သည် အာဆီယံ ပေါင်းစည်းရေးကို အတူတကွ အ ကောင် အထည်ဖော်ရန်နှင့် တစ်ခု တည်းသော ဘုံဈေးကွက်ဖြစ် လာ ရေးကိုမျှော်မှန်းကာ တစ်နှစ် နှစ် ကြိမ် အစည်းအဝေးများကျင်းပ လျက်ရှိကြောင်း သိရသည်။

အဆိုပါအခမ်းအနား ဖွင့် ပွဲသို့ အာဆီယံ အသေးစားနှင့်အ လတ်စား လုပ်ငန်း များ အေဂျင်စီ လုပ်ငန်းအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ အဖြစ် စက်မှုဝန်ကြီး ဌာန၊ အသေး စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဗဟိုဌာနမှ ညွှန်ကြားရေး မှူးဒေါ်အေးအေးဝင်းက တာဝန် ယူဆောင်ရွက်ကာ အာဆီယံ ၁၀ နိုင်ငံနှင့် မိတ်ဖက်တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အမေရိကန်နိုင်ငံ မှ တာဝန် ရှိသူများနှင့် စက်မှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Yangon Media Group

Post a Comment

 
Top