0

ငယ်ထွေး(ကလေး)


ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ။ ။ကရင် အမျိုးသားစည်းလုံးရေးနှင့် ငြိမ်း ချမ်းရေးကော်မတီမှ လုပ်ငန်းစဉ် လေးရပ်ကို ချမှတ်နိုင် ခဲ့ကြောင်း ကေအင်န် ယူ မှ ဗိုလ်မှူးကြီးစော ဖောဒိုက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာ သို့ ပြောသည်။

နိုဝင်ဘာ ၂ဝရက်နှင့် ၂၁ ရက်နေ့တွင် အင်းစိန်မြို့နယ် ဘူတာရုံလမ်းရှိ စိန့်ပီတာနှင့် စိန့် ပေါလ်ဘုရားကျောင်း၌ ကျင်းပ ခဲ့သော ဒုတိယအကြိမ် အစည်း အဝေးတွင် ရှေ့ဆက်မည့်လုပ် ငန်းစဉ်များကို ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကေအင်န်ယူမှ ဗိုလ်မှူးကြီး စောဖောဒိုက ''လူထုတွေ့ဆုံပွဲ များ ဆက်လက်ကျင်းပရန်၊ လွှတ် တော်အတွင်းရှိ ပါတီစုံကရင် လူမျိုးလွှတ်တော်ကိုယ်စားလှယ် များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ ရန်၊ ကရင်ဘာသာရေးခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေးရန် နှင့်ကော်မတီရဲ့ ဆုံးဖြတ်ချက် တွေကို အစိုးရအပါအဝင် ကရင် လက်နက်ကိုင်အဖွဲ့များကို တင် ပြဖို့ဆိုတဲ့ လုပ်ငန်းစဉ် လေးရပ် ကို ချမှတ်ဖို့ သဘောတူညီခဲ့ကြ တာပါ''ဟု ပြောသည်။

ရှေ့ဆက်မည့်လုပ်ငန်းစဉ် များတွင် အမြင်မတူမှုများရှိ သော်လည်း ကရင် အမျိုးသား အရေးသည် ကရင်အမျိုးသားတိုင်း ၏ တာဝန်ဖြစ်သဖြင့် အားလုံး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ် သည့်အပြင် လွှတ်တော် အတွင်း ရောက်နေသော ကရင်ကိုယ်စား လှယ်များနှင့်လည်း တွေ့ဆုံပြီး ကရင်တိုင်းရင်း သားများ ငြိမ်း ချမ်းရေးအတွက် အဖြေရှာရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောဖောဒိုက ပြော သည်။

ကရင်အမျိုးသား စည်းလုံး ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ကို မတ် ၃ဝရက်တွင် ဘားအံမြို့ တွင် ကျင်းပသည့် ကရင်ရေးရာ အစည်းအဝေးတွင် နယ်ပယ်စုံ ကရင်အမျိုးသားခေါင်းဆောင် များ ပါဝင်သည့် ကော်မတီဝင် ၁ရ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လှိုင်း ဘွဲ့၊ ဘားအံ၊ မြဝတီ၊ ထားဝယ်၊ မြိတ်၊ ပဲခူး၊ သထုံ၊ သံဖြူဇရပ်နှင့် အင်းစိန်မြို့နယ်တို့တွင် လူထုတွေ့ ဆုံပွဲများ ကျင်းပခဲ့သည်။

အေးချမ်းမွန် Credit To > Yangon Media Group

Post a Comment

 
Top