0


ပုသိမ်၊ နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြလာသော ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားငွေ စာရင်းတွင် ပြည်သူလူထု အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ နည်းပါးပြီး အုပ်ချုပ်မှုစရိတ် များနေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမအကြိမ် အဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက်အပေါ် လွှတ်တော် ပြည်သူ့ ငွေစာရင်း စီမံကိန်းနှင့် ဘဏ္ဍာရေး၊ သမဝါယမ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ စိစစ်လေ့လာ တွေ့ရှိချက် တင်သွင်းရာတွင် ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်အောင်က ပြောကြားခြင်း ဖြစ်သည်။
“နိုင်ငံတော်က ငွေတွေ ဘယ်လောက်ပေးပေး ကျွန်မတို့ ရွာက ပြိုတော့မယ့် စာသင်ကျောင်းကတော့ ပြင်တဲ့အထဲ မပါသေးပါဘူး” ဟု ပုသိမ်မြို့နယ် တောင်ကလေးရွာမှ နော်ကဆယ်စေးက ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ရငွေ ကျပ်သန်း ၅၈,၀၈၆ ဒသမ ၁၃၇၊ အသုံးစရိတ် ကျပ်သန်း ၁၀၅,၇၉၁ ဒသမ ၂၀၈ ဖြစ်ပြီး လိုငွေကျပ်သန်း ၄၇၇၀ ဒသမ ၀၇၁ ဖြစ်ကြောင်း၊ ယခုလာမည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် လျာထားဘတ်ဂျက်တွင် ရငွေ ကျပ်သန်း ၇၉,၁၈၈ ဒသမ ၅၆၄၊ အသုံးစရိတ် ကျပ်သန်း ၁၇၆,၀၈၉ ဒသမ ၇၀၉ ဖြစ်ပြီး လိုငွေ ကျပ်သန်း ၉၆,၈၆၅ ဒသမ ၁၄၅ ဖြစ်ကြောင်း လွှတ်တော် ဆွေးနွေးချက်များ အရ သိရသည်။

အေးချမ်းမွန် Credit To > The Voice Weekly

Post a Comment

 
Top