“မင်းက ဆရာလုပ်တတ်လို့ လား”
ကျွန်တော်တို့ငယ်ငယ်က ကြား ခဲ့ရသော စကားလုံး။
“မင်း ခေါင်းဆောင်လုပ်တတ် လို့လား၊ နေရာနဲ့တန်လို့လား”
အသက်အရွယ် ရလာတော့ အဖွဲ့အစည်းမှာ လုပ်ကြကိုင်ကြရင်း နဲ့ ပြောတဲ့စကား။
“ဟာ..အမေကလည်း မိဘ မလုပ်တတ်ဘူး”
ရင်ခုန်သံများနဲ့ မျှော်လင့် ချက်ဖြင့်ပြောသော သား၊ သမီးတချို့ စကားသံ။
အမှန်၊ အမှား၊ သေချာခြင်း၊ မသေချာခြင်းမှာ အရေးမကြီးပါ။ အသိတရားက အဓိက ကျပါတယ်။ ကျွန်တော် ကြမ်းတမ်း ခက်ခဲတဲ့ အကျဉ်းစခန်း၊ စစ်ကြောရေး စခန်း တွေမှာ ဖြတ်သန်းခဲ့ရာ သတိတရား နဲ့ အသိတရားကို လက်ကိုင် ထားပြီး ပထမ အကြိမ် ငါးနှစ်ခန့် ဖြတ်သန်းခဲ့ ပြီးနောက် ပြန်ထွက် လာပါတယ်။ နောက် RIT ပြန် ဆက်တက်ပြီး B.E (Electronic) ရခဲ့ပါတယ်။ နောက် စာအုပ်တွေ ရေးရင်း ဒုတိယအကြိမ် ၁၂ နှစ်ခန့် ထပ်မံပြန်ဝင် ခဲ့ရပါတယ်။ အခု ပြန်ထွက် လာပြီးနောက် ပထမ အကြိမ် အဖမ်းခံခဲ့ရတဲ့ ကျောင်းသား သမဂ္ဂများသည် လည်းကောင်း၊ ဒုတိယ အကြိမ် အဖမ်းခံခဲ့ရသော စာအုပ် များသည် လည်းကောင်း ဒီနေ့ အချိန်မှာ တရားဝင် ထုတ်ဝေခွင့် ရနေပါပြီ။ ငါ ဘယ်လို အချိန်မှာ ဘာလုပ်ရမလဲ ဆိုတဲ့ သတိနဲ့ အသိ ကို ရည်မှန်းချက် တစ်ခုလို တွဲယူခေါ် သွားနိုင်မှုပါပဲ။ ကြီးကျယ်ခမ်းနား တဲ့ အောင်မြင်မှု မဟုတ်ပါ။ ဒါပေမဲ့ ကျွန်တော့် ဘဝ အတွက် ကောင်းမွန်ပါ တယ်။
နယ်ပယ်ဒေသ အသီးသီးမှာ ဆရာမျိုးစုံ ရှိပါတယ်။ ဈေးအပေါဆုံး သင်ကြားနိုင်တဲ့ နေရာကတော့ အကျဉ်းထောင် ပဲဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ကလည်း လက်ဆင့် ကမ်း ပညာပေး၊ သင်တန်း တွေပို့ချ၊ ရာဇ ဝတ်သားတွေကလည်း ခိုး၊ ဆိုး၊ နှိုက် ပညာတွေ သင်ကြား ရင်းနဲ့ပဲ အကျဉ်းထောင် ဟာ ဘဝ တက္ကသိုလ် ကြီး ဖြစ်သွားပါတယ်။ ရောက်တဲ့နေရာ မှာ ဖြစ်တဲ့ပုံစံနဲ့ သင်ကြားနိုင်ပြီး လေ့ကျင့် ပျိုးထောင် မှုက ဆရာ ပီသမှု ဖြစ်ပါတယ်။ တချို့ ဆရာတွေက သင်တော့ သင်ပေး တယ်၊ သင်ယူ တဲ့ တပည့်က သိပ်မရ လိုက်ဘူး။ တတ်ကျွမ်း နားလည် သိရှိ အောင် ပညာပို့ချမှု အပိုင်းမှာ အား နည်း လို့ဖြစ်ပါတယ်။ ဒါကြောင့်..
“ဆရာလုပ်တတ်လို့လား” လို့ စကားပြောနေကြတာပါ။
မော်စီတုန်းဟာ အရှည်လျားဆုံး ရက် ၁ဝဝဝ ခရီးစဉ် ကိုဖြတ်တယ်။ ခေါင်းဆောင် ပီသစွာနဲ့ပဲ အောင်ပွဲခံ ခဲ့တယ်။ အဲဒီလိုပဲ ဗိုလ်ချုပ်အောင် ဆန်း၊ အီတိုး (မာရှယ်)၊ မဟတ္တမ ဂန္ဓီ၊ နောက် ပိုရှည်တဲ့ လွတ်လပ်ရေး တိုက် ပွဲကို ဟိုချီမင်း (ဘဘဟို) တို့လည်း ခေါင်းဆောင်မှု အရည်အချင်း ပြည့်ဝ စွာနဲ့ပဲ ဖြတ်သန်း ခဲ့တယ်။ ပိုပြီးသိခြင်း၊ ပိုပြီးတော်ခြင်း၊ ပိုပြီး ဖြတ်ထိုး ဥာဏ် တွေကြောင့် ပိုရခဲ့ပါတယ်။ အနစ်နာ ခံမှု၊ စေတနာနဲ့အတူ သူဟာ ခေါင်း ဆောင်ဖြစ်လာ ပါတယ်။ အဲဒီ အကျိုး ဆက်အနေနဲ့ ပဲ အောင်ပွဲ ရတာပါ။ ဒါက စံပြ ခေါင်းဆောင်တွေရဲ့ သဘောသဘာဝ။
အဲဒီလိုပဲ ပြဿနာ ပေါင်းစုံ၊ တိုက်ပွဲပေါင်းစုံ မှာ ခေါင်းဆောင်တွေ အများကြီး ရှိပါတယ်။ မအောင်မြင်ပါ ဘူး။ ရှုံးနိမ့် သွားကြတယ်။ ခေါင်း ဆောင် အရည်အချင်း မပြည့်ဝ မှုပါ။ ၁၉၆၂၊ ၇၄ လှုပ်ရှားမှုတွေ မှာ သက်သေ တချို့ ရှိခဲ့ပါတယ်။ အားကစား ပြိုင်ပွဲတွေ မှာလည်း အများကြီးပါပဲ။ လိုအပ်တဲ့ အချိန် ကာလမှာ လိုအပ်တဲ့ အရည် အချင်း တွေ ထုတ် သုံးပြီးနောက်မှာ စနစ် တကျ ပြင်ဆင်မှုတွေနဲ့အတူ ရဲဝံ့စွာ ဖြတ်သန်းခြင်းဖြင့် အောင်ပွဲ ဟာ လူငယ်တွေရှေ့မှာပါ။ အဲဒီတော့ ..
“ခေါင်းဆောင်လုပ်တတ် အောင်” ကြိုးစားပါ။
အနန္တော အနန္တ ဂိုဏ်းဝင် မိဘတွေဟာ အလွန်ကျေးဇူး ကြီးမားလှပါ တယ်။ ပြစ်မှားပြီး ပြောဆိုခြင်းမဟုတ် ပါ။ သားသမီးကို လိုအပ်တဲ့ အလျှော့၊ အတင်းနဲ့ မပြုစု၊ မ ပျိုးထောင်ရင် သားသမီးနဲ့မိဘ ဝေးသွားနိုင်ပါ တယ်။ သဘာဝနဲ့ ဖန်တီးမှု အရ မိဘ၊ သားသမီး ငြင်းပယ်လို့ မရပေမယ့် လည်း “သြော်.. ဟုတ်လား” ဒီလောက် စကား နဲ့ပဲ မြင်သွားရင် နှစ်ယောက်စလုံး အတွက်တော့ သိပ် မလှပါဘူး။ ကျေးဇူး တရားကိုသိတတ် ခြင်းနဲ့ နားလည်မှု အိမ်ကို ခိုင်ခံ့ အောင် တည်ဆောက်ခြင်း ဟာ လှပ တဲ့ အိမ် တစ်လုံးပါပဲ။
မလိုအပ်ဘဲ ဝင်ရောက်ပြောဆို မှုနဲ့ ကြမ်းတမ်းစွာ ကိုင်တွယ်မှုဟာ မလှမပတဲ့ ဆက်ကြောင်းဖြစ်ပါ တယ်။ စေတနာ နဲ့ ပြောတာပါ။ မိဘ အားလုံး..
“မိဘလုပ်တတ်ပါစေ”
ကဲ..လူငယ်တွေ အဲဒီလိုအသိ တရားတွေ ရှိလာတဲ့အခါမှာ မိမိဘဝ ဖြတ်သန်းမှုတွေ ကို သတိထားရင်း လမ်းဆက်လျှောက်ပါ။ ရှိထားတဲ့ အသိတွေ ကို လက်ဆုပ်ကိုင်၊ သတိ ကို ထိန်းပြီးတော့ မိမိ အရည်သွေးကို ပြတဲ့ ကတိတွေလည်း လိုပါတယ်။
ကဲ..လူငယ်တွေ စဉ်းစားပါ။ ကျွန်တော် တို့နိုင်ငံမှာ ဘာတွေနဲ့ရှိ နေတာလဲ။ နိုင်ငံသား အသိတရားတွေ က ဘာလဲ။ နိုင်ငံသားတွေ ဖြတ်သန်းမှု မှာ သတိတရား ဘယ်လောက် မြဲနေသလဲ၊ နိုင်ငံသားတွေ ရဲ့ကတိ ကော တည်ရဲ့လား၊ နိုင်ငံသား ဆို တော့ ခေါင်းဆောင်ရော၊ အကြီး အကဲ အားလုံးကို ဆိုလိုတာပါပဲ။
“အင်း..ကျွန်တော် ကတော့ ဒီ ငါးနှစ် သက်တမ်းမှာ အကောင်းဆုံး ကြိုးစားမယ်”
ဒါပေမဲ့လည်း ပြဿနာ မျိုးစုံကို မြင်နေရပါတယ်။ ပြောင်းတော့ ပြောင်းလဲနေတယ်။ ဒါပေမဲ့ ဂျာအေး သူ့အမေရိုက်၊ မုန့်လုံး စက္ကူကပ်၊ အဲဒီတော့ သမ္မတကြီး၊ သမ္မတကြီး လုပ် တတ်ပါတယ်။ ဒါပေမဲ့ နည်းနည်း အားနည်းနေသလို ပါပဲ။
“ကျွန်မတို့ ပါတီက ဖြတ်သန်းမှု အများဆုံး၊ ပါတီ အဖွဲ့အစည်း အားလုံး ထဲမှာ အလုပ်နိုင်ဆုံးပဲ”
ဒါပေမဲ့ ငွေရတု ကျော်သွားပြီ။ အောင်မြင်မှု အရိပ်အယောင်က လင်းနေသလို ပါပဲ။ ဒါပေမဲ့ အဲဒီ အလင်းက လျှပ်စစ်ဌာန ကလို ပြတ် သွားလိုက်၊ ပြန်လင်း လိုက်နဲ့ပဲ။ အဲဒီ တော့ ဥက္ကဋ္ဌကြီးဟာ ခေါင်းဆောင် ပီသစွာ ဥက္ကဋ္ဌလုပ်တတ်ပါတယ်။ ဒါပေမဲ့ လိုတော့ နည်းနည်းလိုနေ သေးတယ်။
လူငယ်တွေ သေသေချာချာ တွေးပြီးစဉ်းစားပါ။
“လုပ်တတ်လို့လား”
အရေးကြီးပါတယ်။ ပြီးဆုံးခြင်း နဲ့ အောင်မြင်ခြင်းဟာ ဘဝရဲ့ အဓိပ္ပာယ်ရှိ မှုပါပဲ။ လူငယ်ကို သူငယ် ချင်းတချို့က ပြောကြမယ်။
“မင်းကလည်း ချစ်သူ ရှာတာ အခုထိ မအောင်မြင်သေးဘူး” ချစ်သူ မထားတတ်သေးဘူးပေါ့။ အဲဒါလည်း အရည်အချင်း တစ်ခုပါပဲ။ သူက အိမ်ထောင် မမြဲဘူး။ ခဏခဏ ကွဲနေတယ်။
“အိမ်ထောင်မလုပ်တတ်ပါဘူး”
အဲဒီတော့ လုပ်တတ်လို့လားက အရေးကြီးပါတယ်။ လုပ်တတ်ဖို့ အတွက် လုပ်ချင်၊ ကိုင်ချင်စိတ် ရှိရ မယ်။ လိုအပ်တဲ့ တခြားအချက် အလက်နဲ့ ကျွမ်းကျင်မှုတွေ ပြည့်စုံ ရင်တော့..
“ငါလုပ်တတ်ပြီကွ” လို့ အောင် မြင်စွာ ရင်ဖွင့်ကြေညာ လို့ရပါပြီ။ ဘာမှအလုပ် မဖြစ်ပါဘူး ဆိုရင်တော့ ဘာမှမရပါဘူး။
“If you will desire, you try more and more”
အောင်ထွန်း
အေးချမ်းမွန် Credit To >Popular Journal < Thankhttps://www.facebook.com/excellencemedia

Post a Comment