ဉာဏ်လှိုင်လင်း၊ စုမြတ်ဝေ| တနင်္လာနေ့၊ နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၃ ခုနှစ်
အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီအနေဖြင့် စာတမ်းပြုစုထားပြီး လာမည့်လွှတ်တော်တွင် အကြံပြုစာတင်သွင်းမည် ဟု အဆိုပါကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။
“စာတမ်းပြုစုထားပါပြီ၊ ကော်မတီအနေနဲ့ လွှတ်တော်ပြန်တက်ရင် လုပ်မှာပေါ့။ လာဘ်ပေးလာဘ်ယူ စောင့်ကြည့်ရေးနဲ့ပတ်သက်လို့ ကော်မတီက အကြံပြုစာ လုပ်ထားပြီးပါပြီ”ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
လာဘ်ပေးလာဘ်ယူနှင့် ပတ်သက်ပြီး ဥပဒေတစ်ခုရှိရုံဖြင့် မလုံလောက်ဘဲ အထူးသဖြင့် အစိုးရမဟုတ်သော၊ အစိုးရနှင့် မပတ်သက်သော အဖွဲ့တစ်ခုက ထိန်းသိမ်းသွားဖို့ လိုအပ်သည့်အတွက် လုပ်ဆောင် နိုင်ရန် ကြိုးစားနေကြောင်းလည်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အထက်မြန်မာပြည်ရှေ့နေကွန်ရက်နှင
ထို့ပြင် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်
ဦးဝင်းမြင့်က “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆိုတာမှာ အမှန်ပြောရရင် အဂတိလိုက်စားမှု ရပ်ဖို့က အရပ်ဖက်အဖွဲ့အစည်းတွေရော၊ မီဒီယာတွေရော စောင့်ကြည့်ဖော်ထုတ်မှရမှာ”ဟု ပြောသည်။
လာဘ်ပေးလာဘ်ယူ ပပျောက်ရေးနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး နိုင်ငံတော်သမ္မတ ထုတ်ပြန်သော အမိန့်ကြေငြာစာအရ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက် ရက်စွဲဖြင့် အာဏာတည်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေ (ဥပဒေအမှတ် ၆၇/၄၈)ကို အဆိုပါ ထုတ်ပြန် လိုက်သော ဥပဒေဖြင့် ရုပ်သိမ်းလိုက်ပြီးဖြစ်သည်။ အဆိုပါ အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေအသစ်တွင် လည်း ကော်မရှင် ဖွဲ့စည်းခြင်းဆိုသည့် အချက်ပါဝင်ပြီး ၎င်းကော်မရှင်တွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသည့် အဖွဲ့ဝင် ငါးဦးစီကို ရွေးချယ်ရမည်ဆိုသည့် အချက်ပါဝင်သည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment