0


ရူပန်ဒီဟီ၊ နိုဝင်ဘာ ၂၆

အသစ်ရှာဖွေတွေ့ရှိခဲ့ရသော သစ်သားအဆောက်အအုံ အကြွင်းအကျန် များကို စစ်ဆေးချက်များအရ ဗုဒ္ဓဘုရား ရှင်ကိုယ်တော်မြတ်အား မွေးဖွားခဲ့သည့် အချိန်မှာ အများထင်မြင် ယူဆထားသည့် အချိန်ထက် နှစ်ပေါင်းနှစ်ရာနီးပါးမျှ စောနိုင်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များက ပြောကြားလိုက်သည်ဟု နိုဝင်ဘာ ၂၆ ရက်က စီအန်အန် သတင်းဌာနမှ ဖော်ပြထားသည်။

ယင်းအဆောက်အအုံ၏ အကြွင်းအ ကျန်များအား ဗုဒ်္ဓဘာသာ၏ အထွတ်အမြတ် နေရာတစ်ခုဖြစ်သော လုမ်္ဗိနီဥယျာဉ် အတွင်းရှိ မာယာဒေ၀ီ ဘုရားကျောင်း ပရိဝုဏ်အတွင်းမှ အုတ်ကျောင်းတော် တစ်ခုအောက်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ မာယာဒေ၀ီဘုရားကျောင်း ပရိဝုဏ် အတွင်း ဘီစီသုံးရာစုတွင် အသောက ဘုရင်တည်ဆောက်ခဲ့သော ဘုရားကျောင်း အောက်ရှိ တွင်းဟောင်းတစ်ခုအတွင်းမှ သစ်သားအဆောက်အအုံ အကြွင်းအကျန် တစ်ခုချင်းစီအား ဗြိတိန် ရှေးဟောင်းသု တေသနပညာရှင် Coningham နှင့် လုပ်ဖော်ကိုင်ဖက်များက နည်းလမ်းအမျိုးမျိုး ဖြင့်စမ်းသပ်ခဲ့ပြီး ဘီစီခြောက်ရာစုက တည်ရှိခဲ့သည်ဟူသော ကောက်ချက်အား ချနိုင်ခဲ့သော်လည်း တွင်းဟောင်းများမှာ ဘီစီ ၈၀၀ နှင့် ဘီစီ ၅၄၅ အကြားတွင် ရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ယင်းတွေ့ ရှိချက်ကြောင့် ဗုဒ္ဓဘုရားရှင် မွေးဖွားသည့်အချိန်မှာ ယခင် သိထားသည်ထက် နှစ်,နှစ်ရာနီးပါးမျှ စောနေသည်ကို တွေ့ရသည်။ နီပေါ အာဏာပိုင်များက ဗုဒ္ဓအား ဘီစီ ၆၂၃ ခုနှစ်တွင် ဖွားမြင်ခဲ့သည်ဟု အတည်ပြုထားသည်။

ဗုဒ်္ဓအား မည်သည့်အချိန်တွင် ဖွားမြင်ခဲ့သည်ဆိုသည်နှင့် ၎င်း၏ ဆုံးမ သြ၀ါဒများအပေါ် ယုံကြည်ကိုးကွယ်မှုမှာ မည်သည့်အချိန်တွင် အမြစ်တွယ်ရှင်သန် ကြီးထွားခဲ့သည်ဟူသော “အတော်ကြာ ငြင်းခုန်ဆွေးနွေးရမယ့် အနေအထား တစ်ရပ်ကို ဒီအဆောက်အအုံက အစဖော်ပေးလိုက်တာပါပဲ” ဟု ရှေးဟောင်း သုတေသနပညာရှင် Robin Coningham က ကွန်ဖရင့်တစ်ခုတွင် ဆိုလိုက်သည်။

လန်ဒန်ယူနီဗာစတီကောလိပ်မှ ရှေး ဟောင်းသုတေသနပညာရှင် ဂျူလီယာရှောက အသစ်ရှာဖွေ တွေ့ရှိမှုအား ကြိုဆိုလိုက်သော်လည်း အစောပိုင်း ဗုဒ္ဓဘာသာ နှင့်အတူ အခြားသော ယုံကြည်ကိုးကွယ်မှုများလည်း တစ်ချိန်တည်း တည်ရှိခဲ့သောကြောင့် လေ့လာသုံးသပ်ချက် အနှစ်ချုပ် များအား ရှုပ်ထွေးသွားစေနိုင်သည်ဟု သတိပေး ပြောကြားလိုက်သည်။

“သစ်ပင်ဗိမာန်ဟာ ဗုဒ္ဓဘာသာ ၀တ် ပြုဆုတောင်းမှုတွေအတွက် သို့မဟုတ် အခြားဘာသာတစ်ခုအတွက် ရည်ရွယ် ထားတာလားဆိုတာကို ဆုံးဖြတ်ဖို့အတွက် ခက်ခဲပါတယ်” ဟု ဂျူလီယာရှောက ဆို သည်။

အသောက ကျောင်းတော်အောက်ရှိ ယခုတွေ့ရှိခဲ့ရသော အဆောက်အအုံမှာ ကွက်လပ်ကျယ် အဆောက်အအုံတစ်ခု ဖြစ်သည်မှာထင်ရှားပြီး ၎င်းင်းအဆောက် အအုံအတွင်း၌ သစ်ပင်တစ်ပင် ပေါက် ခဲ့ပြီး ယင်းသစ်ပင်အောက်တွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်အား မွေးဖွား ခဲ့ဟန် ရှိသည်။

အဆောက်အအုံ အလယ်တွင် ကျောက်ဖြစ်နေသည့် သစ်ပင်အမြစ် အပိုင်းအစများအား တွေ့ရှိခဲ့ရသည့်အတွက် ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားအား မယ်တော် မာယာဒေ၀ီမှ ဖခင်ဖြစ်သူ၏ တိုင်းပြည်သို့ သားဖွားရန်အပြန် လမ်းခုလတ်၌ လုမ်္ဗိနီရှိ အင်ကြင်းပင်အောက်တွင် မွေးဖွားခဲ့ သည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံထား သည်။

သို့သော် ဗုဒ္ဓ၏ဘ၀နှင့် အသက်ရှင် နေထိုင်ခဲ့သည့် အချိန်အကြောင်းများ၏ အကြောင်းအရင်းမှန်များအား အစဉ်အလာ စကားလက်ဆင့်ကမ်းခြင်းများတွင် သာရှိခဲ့ပြီး ဒဏ္ဍာရီများမှ ခွဲခြမ်းစိတ်ဖြာ ထားသော သိပ္ပံနည်းကျ သက်သေအထောက်အထားများ အနည်းငယ်သာ ရှိသေးသည်။


အေးချမ်းမွန် Credit To >Mizzima - News in Burmese

Post a Comment

 
Top