ဗဟိုဘဏ်က ထုတ်ပြန်ပေးနေတဲ့ ရည်ညွန်းနိုင်ငံခြားငွေလဲနှုန်းဟ
အမေရိကန်ဒေါ်လာတန်ဖိုးက အခုလိုအပြောင်းအလဲ ရှိလာတာဟာ ဈေးကွက်ရဲ့ စီးပွားရေး စနစ် သဘော သဘာဝအရ အတက်အကျ ရှိတာဖြစ်ပေမယ့် တည်ငြိမ်တဲ့ဈေးနှုန်း အတက်အကျ ဖြစ်ဖို့တော့ လိုတယ်လို့ ကမ္ဘောဇဘဏ် ဒုတိယဥကဌ ဦးသန်းလွင်က ဒီဗွီဘီကို ပြောပါ တယ်။ဘဏ်တွေအပါအ၀င် ပုဂလိကငွေလဲကောင်တာတွေမှာ အမေရိကန်ဒေါ်လာ လဲလှယ်ရောင်းဝယ်ခွင့်နဲ့ ပတ်သတ်လို့ နိုင်ငံတော်ဗဟိုဘဏ်က လူတစ်ဦးကို ဒေါ်လာ၁သောင်းဖိုးအထိ လဲခွင့် ပြုထားပါတယ်။ နိုင်ငံခြားငွေရောင်းဝယ်တာကို အစိုးရက ထိန်းချုပ်နှုန်းရှင်စနစ်နဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ခွင့်ပြုခဲ့ပြီး အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေကို လဲလှယ်နိုင်ဖို့ စံသတ်မှတ်ချက်တစ်ခုအနေနဲ့ နေ့စဉ် ရည်ညွန်းနိုင်ငံခြား ငွေလဲနှုန်းကို ဗဟိုဘဏ်က တာဝန်ယူ ထုတ်ပြန်ပေးနေတာပါ။
အေးချမ်းမွန် Credit To >DVB TV News
Post a Comment