Home
»
ပြည်တွင်းရေး
» မန်းစည်ပင်ရာထူးတိုးစာမေးပွဲ ပုံမှန်အတိုင်းသာ ကျင်းပခြင်းဖြစ်ဟုဆို
မန္တလေး-နိဝင်ဘာ၂၆ကျင်းပခဲ့သည့် မန်းစည်ပင်၏ရာထူးတိုးစာမေးပွဲများတွင် ဘက်လိုက်ခြင်းမရှိပဲ လစ်လပ်နေရာများ အတွက် စာတွေ့၊ လူတွေ့အမှန်တကယ်ဖြေဆိုအောင်မြင်သူများကို ရာထူးတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း မန်း စည်ပင် ရုံးအဖွဲ့မှူး ဦးစောထွန်းဦးက ပြောသည်။ယခုရက်ပိုင်းအတွင် မန်းစည်ပင်ဌာန၏ ရာထူးတိုးစာမေးပွဲဖြေဆိုမှုအပြီးတွင် ရာထူးတိုးသင့်သင်များကို
မတိုးခြင်း၊ ရာထူးတိုးရာတွင်လည်း ဘက်လိုက်မှုများရှိကြောင်း လူမှုကွန်ရက်စာမျက်နှာတစ်ချို့နှင့် ပြည်သူလူထု အချို့ကြားတွင်ထွက်ပေါ်နေသော ကောလဟလများအပေါ် စည်ပင်ရုံးအဖွဲ့မှူး ဦးစောထွန်းဦးက ပြောကြားခဲ့ ခြင်းဖြစ်သည်။
စားမေးပွဲဖြေဆို ပြီးအောင်ချက်ပေးတာ။ ဖွဲ့စည်းပုံခန့်ထားစာရင်းရဲ့ လစ်လပ်နေရာကို အဆင့်ဆင့် သောဝန်ထမ်းများကို ရေးဖြေ၊ နှုတ်ဖြေစစ်ဆေးပြီးမှ အောင်ချက်ပေးတာ။ ရာထူးတိုးတာ။ မြို့တော်ဝန်ကြီးက ကျောင်းဆရာဘ၀ကလာတာဖြစ်တာကြောင့်မေးခွန်းထုတ်တာတောင် မိန်းတက္ကသိုလ်ထဲမှာသွားထုတ်တာ။ ဖြေတဲ့နေ့ကြမယ့် အစောင့်တွေရှေ့မှာဝေပြီးဖြေဆိုတယ်။ ဖြေလွှာတွေစစ်တဲ့အခါမှာလည်း ကော်မတီဝင်တွေကိုယ် တိုင်စစ်တာ။ ဖြေလွှာတွေကိုလည်း သေတ္တာနှစ်လုံးနဲ့သိမ်းထားတယ်။ အချိန်မရွေးစစ်နိုင်တယ်ဟု ရုံးအဖွဲ့မှူးဦး စောထွန်းဦးက ပြောသည်။
ယခုနှစ်အတွင်း ရာထူးတိုးစာမေးပွဲသုံကြိမ်ဖြေဆိုခဲ့ကြောင်း ဖြေဆိုသူဦးရေနှင့် ရာထူးတိုးသူဦးရေအား အထက်အရာရှိအမိန့်နှင့်သာ ပေးရမည်ဖြစ်သောကြောင့် အခက်အခဲရှိကြောင်း မန်းစည်ပင်စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တစ်ချို့ဆို ရာထူးတိုးဖို့ လာဘ်ထိုးထားတဲ့သူတွေတောင်ရာထူးမတိုးလို့ မကျေနပ်ချက်တွေထွက်လာ သံတွေ ကြားနေရတယ်ဟု ဘာသာပြန်သတင်းများရေးသားသူတစ်ဦးက ပြောသည်။ အဆိုပါကဲ့သို့ ပြောဆိုမှုများမှာ ခေတ်အဆက်ဆက်ရှိခဲ့ကြောင်း ဖြေဆိုရာတွင် မအောင်မြင်သူများမှာထို ကဲ့သို့ ပြောဆိုလေ့ရှိကြောင်း လစ်လပ်နေရာများကို အစားထိုးခန့်အပ်ခြင်းဖြစ်သောကြောင့် ဖြေဆိုသူအားလုံး အောင်မြင်နိုင်မည်မဟုတ်ကြောင်း မန်းစည်ပင် ဌာနမှူးတစ်ဦးမှ သုံးသပ်ပြောဆိုသည်။
မန်းစည်ပင်တွင် ၀န်ထမ်းငါးထောင်ကျော် တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း သိရသည်။ ဖိုးလပြည့်
အေးချမ်းမွန် Credit To >Popular Myanmar News Journal
Post a Comment