0
သန်းထွေးဦး

စဥ့်ကူး ၊ နိုဝင်ဘာ ၂၁ ။ ။ မန္တလေး တိုင်းဒေသကြီး စဉ့်ကူးမြို့နယ် အတွင်းရှိ ခူလယ်အုပ်စု ရေမျက် ကျေးရွာအနီးတွင် ရွှေတူးဖော်ရေး ကုမ္ပဏီ တစ်ခုသည် တောင်ဖြိုခြင်း နှင့်မြေစာများ စည်းကမ်းမရှိ စွန့် ပစ်ခြင်း တို့ကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ''ကု မ္ပဏီကစွန့်ပစ်မြေစာတွေက ရွာ ဧရိယာထဲကို တဖြည်းဖြည်းရောက် လာပြီ။ နောက်ပြီး တောင်တွေ ဖြိုတဲ့အခါ မိုင်းခွဲပြီးဖြိုတာကြောင့် တောင်ခြေအနီးက အိမ်တွေဆို တောင်ပေါ် ကကျလာတဲ့ ကျောက် တုံးတွေကြောင့် စိုးရိမ်နေရတယ်။ ကုမ္ပဏီ ကိုပြောတော့လဲ မရဘူး။ စည်းကမ်းမရှိ ဆက်ပဲလုပ်နေကြ တယ်''ဟု ရေမျက်ကျေးရွာသူ တစ်ဦးက ပြောသည်။

အဆိုပါကုမ္ပဏီသည် အစ ကနဦး စိုက်ပျိုးရေးကို အကြောင်း ပြကာ ဝင်ရောက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တောင်များကိုဖြို ကာ ရွှေတူးဖော်ခြင်းများ လုပ် ကိုင်လာကြောင်း၊ ယင်းသို့ စည်း ကမ်းမရှိလုပ်ကိုင်နေမှုကို သက် ဆိုင်ရာမှ လာရောက်ကြည့် ရှုစစ် ဆေးသင့်ကြောင်း ဒေသခံများ လိုလားလျက်ရှိကြောင်း ထပ်မံ သိရသည်။

အေးချမ်းမွန် Credit To > Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top