0

======================================
ရွှေရည်မဉ္ဇူ
======================================
၁၉၈၈ ခုနှစ်မှယနေ့အထိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွင် စစ်ကြောရေးစခန်းနှင့် အကျဉ်း ထောင်များအတွင်း ကျဆုံးသွား ခဲ့ရသူများ၏ မိသားစုဝင်များကို AAPP နှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့တို့မှ ကူညီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ နိုဝင် ဘာ၂၄ရက်က တာမွေမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ရုံး၌ သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပြီး အကျဉ်းထောင်များ တွင်ကျဆုံးခဲ့သူများဟုဆိုသော် လည်း ထောင်ကလွတ်မြောက် ပြီး တစ်လအတွင်းသေဆုံးခဲ့သူ များလည်း ထောက်ပံ့မှုတွင်ပါဝင် ကြောင်း AAPP အဖွဲ့မှ ဦးဘို ကြည်က ပြောခဲ့သည်။

''ထောက်ပံ့မှုဟာ ငွေကြေး အရတော့ ဘယ်လောက်မှမရှိ ပေမယ့် တိုင်းပြည်အတွက် တိုက် ပွဲဝင်ခဲ့တဲ့သူတွေကို မေ့မထား ဘူး၊ ပယ်မထားဘူးဆိုတာကိုပြ တာပါပဲ။ ဒါဟာ သူတို့မိသားစု တွေအတွက် အားတက်စေမယ့် စိတ်ပိုင်းဆိုင်ရာအရ မြှင့်တင်မှု တစ်ခုပဲ''ဟု ယင်းကပြောသည်။

ယခုလက်ရှိ ထောင်တွင်းကျ ဆုံးသူများ၏ စာရင်းကိုစုဆောင်း ထားမှုများ အရ ၁၆၂ယောက်ရှိ ပြီး ယင်းအထဲမှ အယောက် ၅၀ အား ဦးစွာထောက်ပံ့ သွား မည် ဖြစ်ကြောင်း၊ တစ်ဦးလျှင် ဆယ် သိန်းခန့် ထောက်ပံ့ ရန်လျာထား ကြောင်း သိရသည်။

ထောက်ပံ့ရာတွင် သေဆုံး သွားသူများ၏ ဇနီး(သို့မဟုတ်) ခင်ပွန်း အား ထောက်ပံ့သွားမည် ဖြစ်ပြီး အဆိုပါလူများ မရှိပါက ၎င်းတို့မိသားစု ဝင်တစ်ဦးအား ထောက်ပံ့သွားမည်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်း သားဟောင်း များအဖွဲ့မှ ဦးမြင့်ဦးကရှင်းလင်း ပြောဆိုသည်။

''အခုချိန်မှာ အခက်အခဲ ဖြစ်နေတာက ဒီလူတွေက နှစ်ကာ လကြာ သွားပြီဖြစ်တဲ့အတွက် သူ တို့နဲ့ပတ်သက်တဲ့ မိသားစုတွေကို ဆက်သွယ်ဖို့ အခက်အခဲဖြစ်နေ တယ်။ မြန်မာတစ်ပြည်လုံးမှာ ပျံ့နှံ့နေတာဆိုတော့ ရှာရခက်နေ တယ်။ အခုလက်ရှိမှာ ကျွန်တော် တို့ဆက်သွယ်လို့ရမယ့် သူဆိုလို့ ၄ဝလောက်ပဲရှိတယ်''ဟု ပြော သည်။

ထို့ကြောင့် ယခုအချိန်တွင် ၁၉၈၈ခုနှစ်မှ ယနေ့အထိဒီမိုက ရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှား မှုတွင် စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင် များအတွင်း ကျဆုံးသွားခဲ့ရသူများ၏ မိသား စုဝင်များရှိပါက AAPP နှင့်နိုင်ငံ ရေးအကျဉ်းသားဟောင်းများ အဖွဲ့သို့ သက်သေ အထောက်အ ထားများနှင့်အတူ ဆက်သွယ်အ ကြောင်းကြားနိုင်ကြောင်း ဖိတ် ခေါ်ထားသည်။

ယခုစုဆောင်းရရှိထား သော ၁၆၂ယောက်စာရင်းမှာ လက်လှမ်းမီသလောက် စုဆောင်း ထားသော စာရင်းသာဖြစ်ပြီး ထို့ စာရင်းထက်ပိုမိုတိုးလာနိုင်ဖွယ် ရှိကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများကို ကူညီထောက်ပံ့ မှုများပေးနေသော အဖွဲ့များမှ သုံးသပ်ပြောကြားကြသည်။

အေးချမ်းမွန် Credit To >Yangon Media Group

Post a Comment

 
Top