Nexus 5 လို့အမည်ရတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Google နဲ့ LG တို့ ပူးပေါင်း လို့ ဖန်တီးတဲ့ nexus စရီးထဲမှ နောက်ဆုံးထွက် စမတ်ဖုန်း ဖြစ် လာမှာ ဖြစ်ပါ တယ်။
ထူးခြားချက်က ဈေးနှုန်းသက်သာ မှု ဖြစ်ပါတယ်။ High end စမတ်ဖုန်းတွေထဲနဲ့ ယှဉ်ရင် ဈေးနှုန်းသက်သာနေလို့ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃၄၉ ပဲ ရှိတယ်လို့ leak price တစ်ခု မှာ ဖော်ပြထား ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃ သိန်းခွဲ ထက် မပိုလောက် ပါဘူး။ ဖုန်း အရွယ်က ၄.၉၆ လက်မ အရည်အသွေးကောင် 1080p Display ကို အသုံးပြုပြီး ဘက်ထရီးက 2300 mAh ရှိပါတယ်။ RAM 2GB ဖုန်းပါ။ quad core snapdragon 800 processor ကို အသုံးပြုထားပြီး နောက်ကျော ကင်မရာ ကတော့ 8 Megapixel ပဲ ရှိပါတယ်။ အရှေ့ မှာက 1.3 MP ရှိပါတယ်။ NFC ရပါတယ်။ Android 4.4 KitKat OS နဲ့ ထွက်ရှိမှာ ဖြစ် ပါတယ်။
Nexus 5 ဖုန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှာ Google နဲ့ LG တို့ တရားဝင် မိတ်ဆက် ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )
.
အေးချမ်းမွန် Credit To >TechSpace Journal
Post a Comment