အောင်မင်း
မြန်မာသမ္မတ ဦးသိန်းစိန်က မိမိနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့၏ ၂၀၁၅ ခုနှစ် နှင့် ယင်းနှစ်အလွန် ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် (MDG) အား လက်တွေ့ဖော်ဆောင်ရန်တွင် ကြုံတွေ့ရမည့် အခက် အခဲများအား ကျော်လွှားနိုင်ရန်အတွက် ကုလအဖွဲ့ဝင်နိုင်ငံများ၊ ၎င်းနိုင်ငံများမှ ပြည်သူများနှင့် အတူ ပူးပေါင်းကာ ကုလအား ကူညီသွားမည်ဟု ယခုသီတင်းပတ်ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
သမ္မတဦးသိန်းစိန်က (၆၈) ကြိမ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့အခမ်းအနားအ
“ဒီရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် လက်တွေ့ကောင်အထည်ဖော်မှု အခြေအနေတွေ တိုးတက် နေပေမယ့်လည်း ပြောင်းလဲနေသည့်အခြေအနေများ နှင့် အချိန်အခါများအောက်တွင် စိန်ခေါ်ချက် အသစ်များ ပေါ်ထွက်လာလျက်ရှိသည်”ဟု ဦးသိန်းစိန်က ထောက်ပြသွားခဲ့ပြီး ကုလအနေဖြင့် အနာဂတ် စိန်ခေါ်ချက်များအား တုံ့ပြန်ဖြေရှင်းရန်နှင့် မျှော်လင့်ချက်များ ပြည့်မီနိုင်စေရန်အတွက် ပိုကောင်းသော အနေအထားတွင်ရှိနေရန် လိုအပ်သည်ဟုလည်း အလေးအနက်ထည့်သွင်း ပြောကြားသွားခဲ့သည်။
ကုလ၏ MDG များမှာ သန်းပေါင်းများစွာသောဆင်းရဲသားမ
ထို့အပြင် သမ္မတကဖွံ့ဖြိုးတိုးတက်ရေးအား အဟန့်အတားဖြစ်စေသော ကပ်ဘေးများအား ကာကွယ် မှုနှင့် ကပ်ဘေးအန္တရာယ်လျှော့ချရေးတို့အာ
ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသော အန္တရာယ်များ လျှော့ချရေး၊ အမျိုးသမီးများ ပညာ သင်ခွင့်နှင့် ကလေးများ၏ ကျန်းမာရေးကိစ္စရပ်များအား နီးနီးကပ်ကပ် အလေးပေးဆောင်ရွက်ရန်ကို လည်း သမ္မတက တောင်းဆိုလိုက်သည်။
ထို့အတူ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွားရေးပြုပြင် ပြောင်းလဲမှုများအား ကုလ သမဂ္ဂမှ မားမားမတ်မတ်ထောက်ပံ့ခဲ့ခြင်းအာ
အေးချမ်းမွန် Credit To > Mizzima - News in Burmese
Post a Comment