ကွန်းချမ်း
လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပနိုင်ရန်အတွက် ဗဟိုကျင်းပရေးကော်မတီကို အောက်တိုဘာလ ၂၃ ရက်တွင် ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း ကျင်းပရေးကော်မတီ ဥက္ကဋ္ဌဟောင်း နိုင်တင်အောင်က ပြောသည်။
အောက်တိုဘာ ၂၃ က မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အနောက်တပ်မြေလမ်း၊ မွန်ဓမ္မာရုံတွင် ကျင်း ပသည့် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် နိုင်သက်လွင်၊ ဒု-ဥက္ကဋ္ဌဒေါက် တာ မင်းကြည်ဝင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဗညားချမ်းနှင့် တွဲဖက်အတွင်းရေးမှူး နိုင်မွန်ရာဇာ စသည့်တို့ ပါဝင်သည့် ကော်မတီကို ရွေးချယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
မွန်အမျိုးသားနေ့ကို နယ်တစ်ခုစီအလိုက် ကျင်းပသည်လည်းရှိပြီး ယခုနှစ် မွန်အမျိုးသားနေ့ ဗဟိုကို မွန် ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်တိုက်နယ်တွင် ကျင်းပမည်ဖြစ်ကာ အထိမ်းအမှတ် မြေစိုက် ပိုစတာနှင့် ပတ်သက်ပြီး နိုဝင်ဘာလ၂ ရက်တွင်ကျင်းပမည့် ဗဟိုကျင်းပရေးကော်မတီ အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်မည် ဖြစ်သည်။
နိုင်တင်အောင်က “မနှစ်က မွန်အမျိုးသားနေ့ မပြီးခင်ကတည်းက မုဒုံမြို့နယ်က ဗဟိုအခမ်းအနား ကျင်း ပခွင့်ရဖို့ လျှောက်ထားတာ၊ ဗဟိုအခမ်းအနားကလည်း အလှည့်ကျလုပ်နေတော့ ကိုက်ညီလို့ ခွင့်ပြုထား တယ်။ ဒီနှစ်ပိုစတာမှာလည်း ခေတ်ကာလနဲ့ လျော်ညီတဲ့ပုံတွေနဲ့ သရုပ်ဖော်သွားပါလိမ့်မယ်”ဟု ပြော သည်။
ယခင်က မိမိဒေသအလိုက် ကျင်းပလာခဲ့သည့် မွန်အမျိုးသားနေ့ကို ရွှေရတုသဘင်ဖြစ်သည့် ၁၉၉၆ခုနှစ် မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပရေး ဗဟို ကို ဖွဲ့စည်းပြီး၊ နောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို နှစ်စဉ် နေရာဒေသ ပြောင်းရွှေ့ကာ ကျင်းပခဲ့သည်။
(၆၆)ကြိမ်မြောက် ဗဟိုအခမ်းအနားကို မွန်ပြည်နယ် ပေါင်မြို့နယ်တွင်လည်းကောင်း၊ (၆၅) ကြိမ်မြောက် ကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်လည်းကောင်း၊ (၆၄) ကြိမ်မြောက်ကို မွန်ပြည်နယ် သံဖြူဇ ရပ်မြို့တွင် လည်းကောင်း၊ (၆၃) ကြိမ်မြောက်ကို ချောင်းဆုံမြို့နယ်တွင်လည်းကောင်း ရွှေ့ပြောင်း ကျင်း ပခဲ့သည်။
န.အ.ဖ စစ်ကောင်စီလက်ထက် ၁၉၉၈ မှစ၍ မွန်အမျိုးသားနေ့ကို မွန်ပြည်နယ်အတွင်းတွင်သာ ကျင်းပ ရမည်ဟု ကန့်သတ်လာခဲ့သည့်အတွက် ယခင်က ရန်ကုန်မြို့တွင် စည်ကားစွာ ကျင်းပခဲ့သည့် မွန်အမျိုး သားနေ့ အခမ်းအနားကို ရပ်နားခဲ့ရပြီး ယခုအစိုးရသစ်လက်ထက် ယမန်နှစ်တွင် ပြန်လည်ကျင်းပခွင့်ရရှိ လာခဲ့သည်။
သမလ၊၀ိမလ မင်းညီနောင်နှစ်ပါး ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃)တပို့တွဲလပြည့်ကျော် ၁ ရက်ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်း ပခဲ့ခြင်း ဖြစ်သည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese

Post a Comment