0


သူမအနေဖြင့် ဘီကနီ ရေကူးဝတ်စုံ၊ အမျိုးသမီး အတွင်းခံ အဝတ်အထည်တို့နှင့် ကိုယ်ဟန်ပြတိုင်း အလွန်ညှို့ဓာတ်ပြင်းသည့် စူပါမော်ဒယ်လ် တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရလေ့ ရှိသော်လည်း ကျက်သရေရှိရှိ တည်တည်ငြိမ်ငြိမ် မျက်နှာစာ တစ်ခုကိုလည်း ပိုင်ဆိုင်နေကြောင်း မီရန်ဒါကားရ်က လက်တွေ့ ပြသလိုက်သည်။ အသက်(၃၀)အရွယ် ဩစတြေးလျ စူပါမော်ဒယ်လ်သည် #Mango အတွက် ဆောင်းဦးပေါက် ဖက်ရှင်ဒီဇိုင်းသစ်များနှင့် ကိုယ်ဟန်ပြ ဓာတ်ပုံ အရိုက်ခံခဲ့ရာ တွေ့မြင်နေကျ ပုံစံနှင့် ကွဲထွက်ပြီး တည်ငြိမ်ရင့်ကျက်သော အလှအပတစ်ခု တည်ရှိနေကြောင်း ဖော်ထုတ်ပြနိုင်ခဲ့သည်။

PLANET ညနေခင်းသတင်းလွှာ PDF Download: www.planet.com.mm/evening...

အေးချမ်းမွန် Credit To > Planet Myanmar Networkhttps://www.facebook.com/excellencemedia

Post a Comment

 
Top