0


သောကြာ

ကျင်းပလျက်ရှိသည့် ၂၀၁၃ မြန်မာ နေရှင်နယ်လိဂ် လူငယ်ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၆ တွင် ရတနာပုံ လူငယ်အသင်း အနေဖြင့် မြန်မာနေရှင်နယ်လိဂ် သမိုင်း တစ်လျှောက် ဂိုးသွင်းစံချိန်တစ်ခု တင်နိုင်ခဲ့ပြီး ဧရာဝတီ လူငယ်အသင်းကို ၁၀-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နေသည့် ရတနာပုံအသင်းသည် ဧရာဝတီအသင်းကို ၁၀ ဂိုးအထိ သွင်းကာ လွယ်ကူသည့် နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာမှ ရန်ကုန်အသင်း မှာ ကမ္ဘောဇအသင်းကို ၂-၀ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

လက်ရှိအချိန်တွင် ရတနာပုံအသင်းမှာ ၄၃ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ရန်ကုန်အသင်း မှာ ရမှတ် ၃၁ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ အမှတ်ပေးဇယား ၁၂ နေရာတွင် ဧရာဝတီ အသင်းက ရမှတ် ၁၃ မှတ်ဖြင့် ရပ်တည်နေသည်။

ပွဲစဉ် ၁၇ ပွဲစဉ်များကို အောက်တိုဘာ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် ပဒုမ္မာကွင်း နှင့် စလင်းကွင်းတို့တွင် ဆက် လက်ကစားမည်ဖြစ်ပြီး ရခိုင်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းအသင်း၊ ရတနာပုံအသင်းနှင့် ဇွဲကပင် အသင်း၊ ရန်ကုန်အသင်းနှင့် ဇေယျာရွှေမြေအသင်း၊ ဟံသာဝတီအသင်း နှင့် နေပြည်တော်အသင်း၊ ဧရာဝ တီအသင်း နှင့် ကမ္ဘောဇအသင်း၊ မနောမြေအသင်း နှင့် မကွေးအသင်းတို့ ဆက်လက်ကစားမည်ဖြစ်သည်။

အေးချမ်းမွန် Credit To > Mizzima - News in Burmesehttps://www.facebook.com/excellencemedia

Post a Comment

 
Top