0

ရှင်းလင်းပွဲတွင်တွေ့ရသော ဦးရဲထွဋ် (Photo: Kaung Myat Moe)

October 18, 2013 at 8:49pm

ကောင်းမြတ်မိုး

ရန်ကုန် - အောက်တိုဘာ ၁၈၊ ၂၀၁၃ (မော်ကွန်း)

ရန်ကုန်မြို့ဗုံးဖေါက်ခွဲမှုများတွင် သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူ KNI တပ်ဖွဲ့ဝင်ဟောင်း စောမြင့်လွင်ကို KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးက ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ သို့လာရောက် ကာ စစ်ဆေးမေးမြန်း မှုများပြုလုပ်နေပြီး KNU နှင့်ပူးပေါင်း ကာ ဆက်လက်စုံစမ်းဖော် ထုတ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က မီဒီယာ များအား ပြောကြားခဲ့သည်။

 KNU(Karen National Union) ခေါင်းဆောင်များနှင့် နိုင်ငံတော် သမ္မတ သုံးကြိမ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်ပြီး အောက်ခြေမှအစ ခေါင်းဆောင်ပိုင်းအထိ ယုံကြည်မှုခိုင်မာနေပြီဖြစ်သောကြေင့် “ ဒီကိစ္စတွေ(ဗုံးဖောက်ခွဲမှု)မှာ KNU အဖွဲ့အစည်းက လုံးဝလုပ်ဆောင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်” ဟု ဦးရဲထွဋ်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒုတိယ၀န်ကြီးက ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

စောမြင့်လွင် သည် အလုံမြို့နယ် ရှိ Western Park(Ruby) စားသောက်ဆိုင်နှင့် ဆူလေဘုရားလမ်း ပေါ်ရှိ ကုန်သည်ကြီးများ ဟိုတယ် ကို ဗုံးထောင် ခဲ့သူအဖြစ် သံသယရှိပြီး ဖမ်းဆီးခံထားရသူ ဖြစ်သည်။ Western Park(Ruby) တွင် ထောင်ခဲ့သော ဗုံးမှာ မပေါက်ကွဲခင် တွေ့ရှိခဲ့ပြီး ကုန်သည်ကြီးများ ဟိုတယ်ရှိဗုံးမှာ ပေါက်ကွဲခဲ့ပြီး အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၎င်းကို ယခုလ ၁၅ရက်နေ့ တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ရန်ကုန်တိုင်းရဲ တပ်ဖွဲ့နှင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့ ပူးပေါင်းကာ ဖမ်းစီးခဲ့ခြင်း ဖြစ်သည်။ ထိုနေ့ တွင်ပင်ရန်ကုန်သို ပြန်လည်ခေါ်ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။      


အေးချမ်းမွန် Credit To >Yangon Press Internationalhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top