အီတလီအခြေစိုက် တက်တူစပေါ့ အားကစားမီဒီယာမှ စီစဉ်ပြုလုပ်သည့် အကောင်းဆုံး ဥရောပလူငယ်ကစားသမားဆု (Golden boy)ဆန်ကာတင်
စာရင်းအား ထုတ်ပြန်ကြေညာခဲ့ရာတွင် အင်္ဂလန်ကစားသမား တစ်ဦးသာ ပါဝင်ခဲ့သည်။ Golden boy ဆုမှာ အသက်(၂၁)နှစ်နှင့် (၂၁)နှစ်အောက် ကစားသမားများကို ပေးအပ်ခြင်းဖြစ်ကာ (၂၀၀၃)ခုနှစ်မှ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဆုရရှိသည့် ကစားသမားများမှာ ကမ္ဘာ့ဘောလုံးလောကတွင် နာမည်ကျော်ကြားလာလေ့ရှိပြီး ရွန်နီ(၂၀၀၄)၊ မက်ဆီ(၂၀၀၅)၊ ဖာဘရီဂတ်စ်(၂၀၀၆)၊ အဂူရို(၂၀၀၇)၊ ဘာလော့တယ်လီ(၂၀၁၀)၊
ဂေါ့ဇီ(၂၀၁၁)၊ အစ္စကို(၂၀၁၂)တို့ရရှိခဲ့ဖူးသည်။
ယခုထုတ်ပြန်ခဲ့သည့် ပဏာမစာရင်းတွင်ကစားသမား(၄၀)ပါဝင်လာသော်
လည်း အင်္ဂလန်ကိုယ်စားပြုအဖြစ် အာဆင်နယ်တောင်ပံကစားသမား ချိန်ဘာလိန်တစ်ဦးသာ ပါဝင်လာခဲ့သည်။ ဥရောပဘောလုံးလောကအတွင်း နာမည်ကျော်ကြားနေသည့် ပေါ့ဘာ၊ ဒရက်စလာ၊ ဂျာနူဇက်၊ လူကာကူ၊ ဗရာနီစသည့် ကစားသမားများလည်း အဆိုပါစာရင်းတွင် ပါဝင်လာခဲ့ပြီး ဆုပေးပွဲအား ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
http://yoyarlay.com/sport/football/38432-golden-boy
ဇော်ထွန်း(ရိုးရာလေး)
အေးချမ်းမွန် Credit To > YoYarLay
Post a Comment