0

ဘာစီလိုနာနဲ့ ရီးရဲလ်တို့ရဲ့ အယ်လ်ကလက်စီကို ပွဲစဉ်မှာတော့ ဘာစီလိုနာက (၂-၁)ဂိုးနဲ့အနိုင်ရသွားခဲ့ပြီး ရီးရဲလ်ကို(၆)မှတ်အထိဖြတ်ထားနိုင်ခဲ့ပါပြီ။ ဘာစီလိုနာဟာ တိုက်စစ်ပိုင်းမှာ မက်ဆီ၊ နေမာ၊ ပက်ဒရိုတို့နဲ့ ပွဲထွက်လာခဲ့သလို ရီးရဲလ်ကလည်း ရော်နယ်ဒို၊ ဘေးလ်၊ ဒီမာရီယာတို့ကို ပွဲထွက်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်ဟာ ပထမပိုင်းပွဲချိန်မှာ ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ပွဲချိန်(၁၉)မိနစ်မှာပဲ အဖွင့်ဂိုးစပေးခဲ့ရပါတယ်။ ဒီဂိုးဟာ အင်နီယက်စတာရဲ့ ပါးနပ်တဲ့ဖန်တီးမှုကနေ နေမာက ရီးရဲလ်နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားက အသာအယာ ကန်သွင်းယူသွားခဲ့တာပါ။

ဂိုးပေးလိုက်ရပေမယ့် ရီးရဲလ်ရဲ့တိုက်စစ်ကစားပုံတက်မလာခဲ့သလို
ရော်နယ်ဒိုဟာလည်း ပထမပိုင်း ပွဲချိန်အတွင်း ဂိုးပေါက်ကန်ခွင့် (၁)ကြိမ်မှ မရရှိခဲ့တာတွေ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ရီးရဲလ်ဟာ ခြေစွမ်း
မပြနိုင်တဲ့ ဘေးလ်ကို ထုတ်ပြီး ဘန်ဇီမာကို လူစားလဲခဲ့ရာမှာ တိုက်စစ်ပိုင်း ပိုကောင်းလာခဲ့ပြီး ပွဲချိန်(၇၂)မိနစ်မှာ ဘန်ဇီမာရဲ့ ကန်ချက် ဘားထိထွက်ခဲ့ရတာကတော့ သူတို့အတွက် နစ်နာစေခဲ့ပါတယ်။ ရီးရဲလ်ဟာ ဒီရာသီ လာလီဂါအသင်းတွေထဲမှာ တိုင်အများဆုံးထိတဲ့ အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်နေပြီး (၇)ကြိမ်အထိ တိုင်ထိထားခဲ့တာကြောင့် ကံတရားရဲ့ ဖေးမမှုမရဘူးလို့ ဆိုနိုင်ပါတယ်။

ဘန်ဇီမာရဲ့ ဘားထိကန်ချက်အပြီး(၆)မိနစ်အကြာမှာတော့
နေမာ ပေးလိုက်တဲ့ ဘောလုံးကို ဆန်းချက်ဇ်က အမှတ်မထင်ကန်သွင်းပြီး ဘာကာအတွက် (၂)ဂိုးပြတ် ဦးဆောင်စေခဲ့ပါတယ်။ ရီးရဲလ်ဟာ ရော်နယ်ဒို ဂိုးသွင်းတဲ့ လာလီဂါပွဲစဉ်တိုင်းမှာ ရှုံးပွဲမရှိခဲ့ဘဲ (၈၄)ပွဲနိုင်၊ (၆)ပွဲသရေ ရလဒ်ရရှိထားခဲ့ပေမယ့် အခုပွဲမှာတော့ ရော်နယ်ဒိုကို ဘာကာနောက်ခံလူတွေ အပိုင်ထိန်းထားနိုင်ခဲ့တာကြောင့် ရော်နယ်ဒို အစွမ်းပြခွင့်မရခဲ့ပါဘူး။ ရီးရဲလ်အတွက် ချေပဂိုးကိုတော့ ရော်နယ်ဒို
တောက်လျှောက်ဆွဲပြေးပြီး ဖန်တီးပေးတာကတစ်ဆင့် လူစားဝင်ကစားသမား ဂျီဆီရိုဒရီဂွက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
http://yoyarlay.com/sport/football/38431-2013-10-26-23-06-24
ဇော်ထွန်း(ရိုးရာလေး)

အေးချမ်းမွန် Credit To > YoYarLay https://www.facebook.com/excellencemedia

Post a Comment

 
Top