0

အောင်ထိုက်ဦး


မော်လမြိုင် ၊ အောက်တိုဘာ ၂၄ ။ ။ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ် ကျိုက်ဒုံဒေသအခြေပြု DKBA ကလိုထူးဘောအဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိ စောသန်း ဇော် ၃၈နှစ်သည် ၎င်းတစ်ဦးတည်း လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ်ဖြင့်ရောက်ရှိလာပြီး တပ် မှ ထွက်ပြေးလာကြောင်းပြောဆို ပြီး ၎င်းတွင်ပါရှိလာသော နင်း မိုင်း တစ်လုံးနှင့် လက်ပစ်ဗုံးတစ် လုံးကို အောက်တိုဘာ ၂ဝရက် ညနေ ၃နာရီခွဲတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန ၌ လာရောက် အပ်နှံကြောင်း သိရသည်။

စောသန်းဇော်၏ ထွက်ဆို ချက်တွင် ၎င်းသည် ကရင်ပြည် နယ် ကျိုက်ဒုံနှင့် ကြာအင်းဆိပ် ကြီးအကြား ၂၁မိုင်ရှိ တပ်ဖွဲ့ပိုင် ရော်ဘာခြံ၌ တာဝန်ခံအဖြစ် ဆောင်ရွက်နေစဉ် အောက်တို ဘာ ၁၅ရက်တွင် တပ်ဖွဲ့ပိုင် ကူ ဘိုတာ ၄၅ဝအမျိုးအစား လယ် ထွန်စက်သည် ကျိုက်ဒုံချောင်း အတွင်း ရေနစ်မြုပ်ခဲ့မှုကို အ ကြောင်းပြု၍ ၎င်းအား အဖွဲ့ ခေါင်းဆောင် ဗိုလ်ကြီး အဆင့်ရှိ သူ စောရဲလှိုင်မှ အစိုးရသူလျှိုဟု စွပ်စွဲကာ အောက်တိုဘာ ၁ရရက် မှ ၂ဝရက်အထိ ကော့ကရိတ်မြို့ နယ် ကောင်းမှုကျေးရွာရှိ ကလို ထူးဘော အခြေချစစ်ဗျူဟာ၊ ဗျူဟာခွဲ(၁)တွင် ခေါ်ယူထိန်း သိမ်းထားခဲ့ကြောင်း၊ ၎င်း၏အ သက်အန္တရာယ်စိုးရိမ်ရ သဖြင့် ကော့ကရိတ်မြို့မှလိုင်းကားဖြင့်မော်လမြိုင်မြို့သို့ ထွက်ပြေးလာ ခဲ့ကြောင်းများကို ပြောကြား ကြောင်း သိရသည်။

၎င်းတွင် လက်နက်များနှင့် အတူ ကလိုထူးဘောခေါင်းစဉ် ပါ တပ်ဖွဲ့ဝင်ခရီးသွားထောက်ခံ ချက် တစ်စောင်၊ အပြာရောင် ချည်လွယ်အိတ်တစ်လုံး၊ ကျား ခေါင်းတံဆိပ်နှစ်တောင့်ထိုးဓာတ်မီးအသေးတစ်လက်၊ ဒိုင်ယာရီ စာအုပ်တစ်အုပ်နှင့် ယာဉ်မောင်း လိုင်စင်တစ်ခုပါရှိကြောင်း သိရ သည်။

News Link=>http://goo.gl/VwJ4mf

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top