0


ဂျပန်နိုင်ငံတွင် နာမည်ကျော် အလှကုန် တစ်မျိုးဖြစ်သည့် Kanebo အသား ဖြူခရင်မ်တွင်ပါဝင်သည့် ဓာတုပစ္စည်း ကြောင့် သုံးစွဲသူ ၁၅,ဝဝဝ ကျော် တို့၏ အရေပြား တွင် အကွက်များ ထွက် ပေါ် လာသည်ဟု ၄င်းကုမ္ပဏီမှ အင်္ဂါနေ့က ပြောကြားသည်။

ဂျပန်နိုင်ငံအတွင်း Rhododenol အသားဖြူ ခရင်မ်အပါအဝင် ဖြန့်ချိထား သည့် ထုတ်ကုန် ၅၄ မျိုးကို အသုံးပြုခဲ့ ကြသည့် သုံးစွဲ သူများထံမှ တိုင်ကြားစာ ၁၅၁၉၂ စောင်လက်ခံ ရရှိခဲ့ပြီး တိုင် ကြားသူ အားလုံး၏ ၃ ပုံ ၁ ပုံ ခန့်တွင် အရေပြားပေါ်၌ ဆိုးရွားသည့် အကွက် များ၊ အသားရောင် မညီညာမှု များဖြစ် လာသည် ဟု ဖော်ပြသည်။

ဂျပန်နိုင်ငံ ပြင်ပရှိ တရုတ်(တိုင် ပေ)၊ ဟောင်ကောင်၊ တောင်ကိုရီးယား နှင့် ထိုင်းနိုင်ငံ တို့တွင်လည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သူ ၇ဝ ကျော်ရှိ သည်ဟု သတင်းရ ထားကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက လည်း Kanebo ကုမ္ပဏီမှ ကမ္ဘာ တစ်လွှား သို့ ဖြန့်ချိထားသည့် ၄င်းတို့၏ ထုတ်ကုန် သန်းပေါင်းများစွာကို 4- (4-hydroxyphenyl) -2-butanone ဆိုသည့် ဓာတုပစ္စည်း ပါဝင်နေမှုကြောင့် ပြန်လည် သိမ်းယူခဲ့ရသည်။

ယခုဖြစ်ရပ် အတွက် Kanebo ကုမ္ပဏီ မှ ၄င်းတို့ ထုတ်ကုန်ကြောင့် အရေပြားတွင် အကွက်များ ထွက်ပေါ် လာရသည့် သုံးစွဲ သူများကို ဆေးကုသ စရိတ် ပြန်ပေး မည် ဟု ပြောကြားခဲ့သည်။

အသားဖြူ ခရင်မ်များသည် အာရှ နိုင်ငံတလွှားရှိ အမျိုးသမီးများ အကြား ရေပန်းစားသည့် အလှကုန် ပစ္စည်းတစ်မျိုး ဖြစ်သည်။

Ref : bangkokpost

အေးချမ်းမွန် Credit To >Popular Myanmar News Journal https://www.facebook.com/excellencemedia

Post a Comment

 
Top