0

ဖြူဖြူဇင် | သောကြာနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၅၁ မိနစ်

အသေးစားနှင့် အလတ်စား လုပ်ငန်းများရှင်များက အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ တင်ဒါများကို ၀င်ရောက်ယှဉ်ပြိုင်လိုပါက Building Markets မှ ကူညီနေကြောင်း ပြန်ကြားရေး အရာရှိ ဂျက်ကော့အေကလဲ ကပြောသည်။

အသေးစား အလတ်စားလုပ်ငန်းများက နိုင်ငံတကာ အန်ဂျီအိုများ၏ တင်ဒါများကို လျှောက်ထားရာတွင် ရင်းနှီး ကျွမ်းဝင်မှုမရှိသဖြင့် အခက်အခဲ ရှိရာ ယင်းအဖွဲ့ ကူညီပေးခြင်းဖြစ်သည်။

Building Markets သည် USAID နှင့် စကိုးလ်ဖောင်ဒေရှင်းတို့၏ အထောက်အပံ့ဖြင့် လည်ပတ်နေသော အန်ဂျီအို ဖြစ်ပြီး နိုင်ငံတကာမှ အကူအညီများကို မြန်မာနိုင်ငံသားများ (အကူအညီလိုသူများသာမက ကုန် ထုတ်လုပ်သူများပါ) ရရှိရန်အတွက် နိုင်ငံတကာ အန်ဂျီအိုများက ခေါ်သောတင်ဒါများ လျှောက်ထားရာတွင် အဆင်ပြေစေရန် ကူညီခြင်း
ဖြစ်သည်။

“အကူအညီတင် ရရုံမဟုတ်ဘဲ အဲဒီအကူအညီပေးတဲ့ ပစ္စည်းကိုပါ ဒီကလုပ်ငန်းရှင်ဆီက ၀ယ်ဖြစ်အောင် လုပ်ပေး တာပါ။ ဒါမှ လုပ်ငန်းသုံး
ငွေတွေပါ တိုင်းပြည်ထဲဝင်လာပြီး စီးပွားရေးကို အထောက်အကူပြု ပေးနိုင်မှာပါ” ဟု မစ္စတာ ဂျက်ကော့အေကလဲက ပြောသည်။

အသေးစား အလတ်စား လုပ်ငန်းရှင်များ အနေဖြင့် Building Markets တွင် အခမဲ့ မှတ်ပုံတင်ပြီးထားနိုင်သည်။

Building Markets သို့ ၀င်ရောက်ပြီးသော လုပ်ငန်းများကို business verification ပြုလုပ်ပေးပြီး တင်ဒါဆိုင်ရာ သင်တန်းများလည်း ပေးသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်း ၃၀၀ ခန့်ကို ၎င်းတင်ဒါ ဆိုင်ရာ သင်တန်းပေး ထားကြောင်း မစ္စတာ ဂျက်ကော့အေကလဲက ပြောသည်။

ထို့အပြင် Building Markets က မှတ်ပုံတင်ထားသော လုပ်ငန်းနှင့် သက်ဆိုင်သည့် တင်ဒါများခေါ်ပါကလည်း အကြောင်းကြားပေးသည်။www.Myanmar-Oppor-tunities.org တွင်လည်း ၀င်ရောက် လေ့လာနိုင်သည်။

၎င်းမှတစ်ဆင့် ၀င်ရောက်လုပ်ကိုင်သော လုပ်ငန်းရှင်များကို အန်ဂျီအိုများနှင့် Building Markets က ချိတ်ဆက်ပေးသည်။

လုပ်ငန်းများကိုလည်း verification လုပ်ပြီးဖြစ်၍ ၎င်းတို့၏ အားနည်းချက်၊ အားသာချက်များကို ကြည့်ထားကာ ချိတ်ဆက်ပေးခြင်းဖြစ်သဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေကြကြောင်းလည်း ပြောသည်။

www.Myanmar-Opportunities.org တွင် ၀င်ရောက်ထားပြီတွင် မှတ်ပုံတင်ထားပါက မိမိလုပ်ငန်းနှင့် သက်ဆိုင်သည့် တင်ဒါပေါ်ပေါက်လာ လျှင် အလိုအလျောက် အီးမေးလ် အသိပေးခြင်း အပါအ၀င် တင်ဒါလုပ်ငန်းစဉ်များ အတွက် အကူအညီများ ရနိုင်မည်ဖြစ်သည်။

၎င်းဝက်ဘ်ဆိုဒ်တွင် ပြည်ပအန်ဂျီအိုများ၏ တင်ဒါများသာမက အစိုးရ၀န်ကြီးဌာနများ၏ တင်ဒါများကိုလည်း ဖော်ပြ ထားသည်။

မြန်မာလုပ်ငန်းရှင်များက နိုင်ငံတကာ အန်ဂျီအိုများထံတွင် တင်ဒါလျှောက်ရ မည်ကို စိတ်ပူပန်လေ့ရှိပြီး မိမိတို့ လုပ်ငန်းကို သေးငယ်သည်၊ မရနိုင်ဟု ထင်တတ်သလို၊ လာဘ်စားမှုများလည်းရှိမည်ဟု ယူဆတတ်ကြောင်း Building Markets မှ ဒေါ်စုမွန်အောင်က ပြောသည်။

Building Markets ၏ လိပ်စာမှာ အမှတ် ၇ ၊ဂန္ဓမာလမ်း ရန်ကင်းဖြစ်သည်။Building Markets ၏ စီမံကိန်းများ သည် မြန်မာအပါအ၀င် မိုဇမ်ဘတ်၊ အာဖဂန် နစ္စတန်၊ ဟေတီတို့တွင် လုပ်ကိုင်လျက်ရှိသည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmesehttps://www.facebook.com/excellencemedia

Post a Comment

 
Top