Weather News Update1-11-20135:10 amတောင်တရုတ်ပင်လယ်ပြင်ဖက်မှာ ဖြစ်ပေါ်နေတဲ့ 29W(Krosa) တိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းအစွန်းကို ဖြတ်ကျော်တိုက်ခတ်နေပါတယ်။ တစ်နာရီလေတိုက်နှုန်း 50 mph ခန့်သာရှိတဲ့အဆင့်မို့ အထိခိုက်အပျက်အစီးတော့ နည်းနှို်င် ပါတယ်။ ဒီမုန်တိုင်းဟာ (၄-၁၁-၂၀၁၃)ရက် မနက်အစောပိုင်းမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ပြီး ကုန်းတွင်း ကို ၀င်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံတောင်ပိုင်းမှ တစ်ဆင့် ဖြတ်ကျော်ကာ မြန်မာနိုင်ငံရဲ့ တောင်ဖက်ကနေ ကပ္ပလီပင်လယ်ပြင်ထဲကို ၀င်ရောက်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။
မူလခန့်မှန်းချက်ကတော့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှ ဖြတ်ကျော်ကာ ထိုင်းနိုင်ငံမြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသများကို ဖြတ်ကျော်ပြီး အချိန်အခါမဟုတ်မိုးတွေရွာမယ့် အနေအထားဖြစ်နေခဲ့ပါတယ်။
အခုတော့ မြန်မာတစ်နိုင်ငံလုံး အချိန်အခါမဟုတ်မိုး ဘေးမှ လွတ်ကင်းနှို်ကြပါလိမ့်မယ်။
ဒေါက်တာထွန်းလွင်
အေးချမ်းမွန် Credit To >Tun Lwinhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.