0

ဗုံးဖောက်ခွဲရတဲ့ ရည်ရွယ်ချက်က ခရီးသွားလုပ်ငန်းတွေ ထိခိုက်စေဖို့ ၊ တိုင်းရင်းသားလုပ်ငန်းတွေလုပ်ဆောင်နေတဲ့နေရာမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်မလာစေဖို့ အခုလို ဗုံးဖောက်ခွဲတာဖြစ်တယ်လို့ ယနေပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။
တရားခံ စောမြင်လွင်ခေါ် မောထဟာ KNU အဖွဲ့အစည်းမှာ ငါးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ KNU အဖွဲ့အစည်း ရဲ့ စီးပွားရေး ကဏ္ဍမှာ လုပ်ကိုင်နေတဲ့ စောနေတိုး ရဲ့ ခိုင်းစေချက်ကြောင့် အခုလိုလုပ်တာလို့ သိရပါတယ်။ စောနေတိုးကတော့  အခုချိန် အထိ လွတ်မြောက်နေဆဲဖြစ်ပါတယ်။
Author မိုးစက်

အေးချမ်းမွန် Credit To >Kumudrahttps://www.facebook.com/excellencemedia

Post a Comment

 
Top