မွန်ပြည်နယ် ၊ မုဒုံမြို့ တွင် "အားမာန်သစ် " လူငယ် (မူလတန်း ပညာသင်ကြားမှုထောက်ပံ့ရေး အဖွဲ့ ) မှ ဦးဆောင်၍ မိမိတို့ မြို့နယ်ပတ်ဝန်းကျင်ရှိ လူငယ်များအား ဒီမိုကရေစီ အရေး ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များတွင် အသိပညာ နှင့် အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ "ဒီမိုကရေစီ နှင့် လူ့အခွင့် အရေး ဆိုင်ရာ အသိအမြင်ဖွင့် " ခေါင်းစဉ်ဖြင့် (၇)ရက်ကြာ သင်တန်းတစ်ခု ပြုလုပ်သွားမည်ဖြစ်ပါသည် ။
သင်တန်း ကာလမှာ - အောက်တိုဘာ လ ၊ ၂၄ ရက်နေ့ မှ ၃၀ ရက်နေ့ ထိဖြစ်ပြီး သင်တန်းသား ဦးရေ -(၃၀) ခန့် တက်ရောက်မည်ဖြစ်ပါသည် ။
ယခုသင်တန်း ကို Generation Wave (မျိုးဆက်လှိုင်း ) အဖွဲ့ မှ လာရောက်ပို့ချမည်ဖြစ်ပါသည် ။
မျိုးဆက်လှိုင်း အဖွဲ့ကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီး အောက်တိုဘာ လ ၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး
မြန်မာနိုင်ငံဒီမိုကရေစီ အရှည်တည်တံ့ခိုင် မာရေး၊ စစ်မှန်သောရေရှည်တည်တံ့မှုရှိသည့် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးကိစ္စများတွင် လူငယ်များနှင့် တိုင်ရင်းသားပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရှေ့တန်းမှနေ၍ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဆောင်ရွက်ပြုလုပ်မှုများ အပြင်မြန်မာနိုင်ငံ၏ လိုအပ်သော ပြုပြင်ပြောင်းလဲမှုဆိုင်ရာမူဝါဒများ၊ ဥပဒေများများရေးဆွဲပြဌာန်း ပြင်ဆင်မှုများတွင် အခြားသောအရပ်ဖက်အခြေပြု အဖွဲ့အစည်းများ၊ အစိုးရများ၊ ပြည်သူများ၊ နိုင်ငံတကာများနှင့် ပူးပေါင်း ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုများတွင် ပါဝင်ဆောင်ရွက်မှုများကိုလည်း ယနေ့အချိန်ထိ ပြုလုပ်ဆောင်ရွက်နေပါသည်။
သင်တန်းနှင့်ပက်သက်၍ သိရှိလိုသည်များအား
"လူ့အခွင့်အရေးနှင့်လူထုစည်းရုံးရေး သင်တန်း" ဖြစ်မြောက်ရေး တာဝန်ခံများထံ အောက်ဖော်ပြပါအတိုင်း
ဆက်သွယ်နိုင်ပါသည်။
ကိုဦး ဖုန်း 09 43005795 (mr.koko1983@gmail.com) မခင်ကျော့ဖြူ - 057 70879 မရတနာဝင်း - 09 425280434
By; Reat Ka
အေးချမ်းမွန် Credit To > မွန်ပြည်နယ်အလင်း
Post a Comment