0

ရန်ကုန်၊ အောက်တိုဘာ ၂၃

သန်လျင်မြို့နယ်၊ မြို့ဟောင်း
အရှေ့ရပ်ကွက်၊ ကျိုက်ခေါက် ဘုရားလမ်း၊ ဖြူနှင်းဝေေ၀
တည်းခိုခန်းရှေ့လမ်းမပေါ်တွင်ယနေ့နံနက်၁၁း၂၀အချိန်က
သန်လျင်ဘက်မှ ကျောက်တန်းဘက်သို့မောင်းနှင်လာသော ထ/----၊ TE 11 အစိမ်းရောင်ယာဉ်သည် ရေနံချက်စက်ရုံအတွင်းမှ သံပြားများတင်ဆောင်လာစဉ်
ယာဉ်မှာ ၀ါယာရှော့ဖြစ်မီးလောင်ခဲ့၍ မီးသတ်ယာဉ် (၃)စီးဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၁၄၀အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၅)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်းYangon Policeမှသိရသည်။
ယာဉ်မောင်း၏မျက်နှာပြင်မီးလောင်ဒဏ်ရာ၊ ၀ဲ/ယာလက်၊တင်ပါး၊ ပေါင်၊ ခြေသလုံးတို့ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ
(မစိုးရိမ်ရ)ဖြင့် တက်ရောက်ကုသနေရပြီး ယာဉ်မောင်းအား သန်လျင်မြို့မရဲစခန်း(ပ)၉၇၈/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၃၇ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း Yangon Policeမှသိရသည်။

အေးချမ်းမွန် Credit To >Popular Myanmar News Journal
https://www.facebook.com/excellencemedia

Post a Comment

 
Top