0

======================================
ဇာခြည်လှိုင်
======================================
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ။ ။ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ယာယီနိုင်ငံ ကူးလက်မှတ်အစား နိုင်ငံကူးလက် မှတ်(အနီ)ဖြင့် အောက်တိုဘာ ၂၁ရက်မှ စတင်ကာ အစားထိုး ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရ သည်။

ထိုင်းမြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာလုပ်ငန်း ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိထုတ်ပေးနေသည့် ယာယီ နိုင်ငံကူးလက်မှတ်အစား နိုင်ငံ သားတိုင်းထုတ်ပေးသည့် နိုင်ငံ ကူးလက်မှတ်ကို ပြောင်းလဲထုတ် ပေးသွားရန် သဘောတူဆွေးနွေး နိုင်ခဲ့ကြောင်း အလုပ်သမားညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်ဦးမျိုးအောင်က ပြော သည်။

ဦးမျိုးအောင်က''အရင်က ထုတ်ပေးတဲ့ ယာယီနိုင်ငံကူး လက်မှတ်က ဟိုဘက်နိုင်ငံရောက် ရင်ဗီဇာပြန်ဝင်တဲ့အခါ သိပ်ဈေး ကြီးတယ်။ ပြီးတော့ ဗီဇာသက်တမ်း တစ်နှစ်ပဲရတယ်။ အခုပြောင်းထုတ် ပေးမယ့် နိုင်ငံကူးလက် မှတ်အနီ ကကျတော့ ဗီဇာဝင်တဲ့အခါ ဈေး နှုန်းလဲ သက်သာ သွားမယ်။ သက် တမ်းနှစ်နှစ်ကို တိုးမြှင့်ပေးဖို့ကိုလဲ သဘောတူထား ပါတယ်။ ဒါကြောင့် ပြောင်းပြီးထုတ်ပေးရတာပါ''ဟု ပြောသည်။

နောင်လွှတ်မည့် အလုပ် သမားများအတွက် ယာယီနိုင်ငံ ကူးလက်မှတ် အစားနိုင်ငံသား တိုင်းထုတ်ပေးသည့် နိုင်ငံကူး လက်မှတ်အနီကိုပြောင်းလဲ ထုတ် ပေးရန်အတွက်ကိုလည်း နှစ်နိုင်ငံ အစည်းအဝေးပွဲတွင် သဘောတူ မှုရရှိခဲ့ကြောင်း၊ ယခုထုတ်ပေး နေသည့် ယာယီနိုင်ငံကူးလက်မှတ် သည် ထိုင်းနိုင်ငံသို့ ဝင်ရောက် ရန်အတွက် ဗီဇာပြန်လည်လျှောက် ထားရာ တွင် ဈေးအလွန်ကြီး သည့်အပြင် ဗီဇာသက်တမ်းတစ် နှစ်သာရ ရှိကြောင်း၊ ယခုလဲလှယ် ထုတ်ပေးမည့် နိုင်ငံကူးလက် မှတ်အသစ်ဖြင့် ဗီဇာလျှောက် ထားပါက ဗီဇာသက်တမ်းနှစ်နှစ် ရရှိမည့်အပြင် ယခင်ယာယီနိုင်ငံ ကူးလက်မှတ်ဖြင့် ဗီဇာလျှောက် သည့် နှုန်းထားထက် သုံးပုံတစ်ပုံ သာငွေကြေးကုန်ကျမည်ဖြစ် ကြောင်း ယင်းမှဆွေးနွေးပွဲတွင် အဓိကသဘောတူညီမှုရရှိခဲ့ သည့် အချက်များနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။

News Link=>http://goo.gl/w0FSiw

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top