လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဘယ်သူနဲ့မဆို ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သွားခဲ့ပါတယ်။
ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဗြိတိန်ကို ရောက်ရှိခိုက် Sandhurst တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်းမပြောခင် ဘီဘီစီ မြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
Sandhurst တော်ဝင် စစ်တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံး တပ်မတော်တစ်ခုရဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ပေးတဲ့ တက္ကသိုလ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက တပ်မတော်ကိုလည်း ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး တပ်မတော် ဖြစ်စေချင်တဲ့အတွက် အခုလို လာလေ့လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာလည်း လွှတ်တော်ထဲက စစ်တပ် ကိုယ်စားလှယ်တွေထဲမှာ ဖွဲ့စည်းပုံ ပြင်ဖို့လိုတယ်ဆိုတာ သဘောပေါက်သူတွေ ရှိနိုင်ပြီး အခြေခံဥပဒေကို ပြင်ဆင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မေးမြန်းခန်း အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
http://www.bbc.co.uk/burmese/burma/2013/10/131026_dawsuubur.shtml
အေးချမ်းမွန် Credit To >BBC Burmesehttps://www.facebook.com/excellencemedia

အေးချမ်းမွန် Credit To >BBC Burmese
Post a Comment