0


သီလ၀ါဆိပ်ကမ်း တိုးချဲ့မြေနေရာများအတွက် မြေယာထောက်ပံ့ကြေးပေးရန် အတတ်နိုင်ဆုံး ညှိနှိုင်းသွားမည်ဖြစ်ပြီး ပြေလည်မှု မရပါက တရားဥပဒေကြောင်း အရသာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရန်အတွက် သီလ၀ါဒေသရှိ မြေကွက်အမှတ် ၂၅၊ ၂၆ နှင့် ၃၀ ရှိ လယ်ယာမြေများအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြေယာထောက်ပံ့ကြေးပေးရန် ဒေသခံများနှင့် ညှိနှိုင်းနေခြင်း ဖြစ်သည်။

"ကျွန်တော်တို့ အနေနဲ့ လျော်ကြေးပေးတာ မဟုတ်ပါဘူး။ ပြောင်းရွှေ့ပေးရမယ့် ဒေသခံတွေကို နစ်နာကြေးအနေနဲ့ မြေယာထောက်ပံ့ကြေး ပေးမှာပါ။ ဒီမြေတွေ အကုန်လုံးက လန ၃၉ ကျပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ အတတ်နိုင်ဆုံး ညှိနှိုင်းမှုတွေလုပ်ပြီး ဖြေရှင်းပါမယ်။ ဒါမှမရရင်တော့ တရားဥပဒေ နည်းလမ်းအတိုင်းပဲ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။

သီလ၀ါဒေသတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် မြေကွက်တစ်ကွက်လျှင် မျက်နှာစာအလျား မီတာ ၂၀၀၊ ကုန်းတွင်းဘက်သို့ ကီလိုမီတာ ၇၅၀ (အကျယ် ၃၇ ဒသမ ၀၆ ဧက)ရှိ မြေကွက် ၃၇ ကွက်ကို တိုးချဲ့ဖော်ထုတ်ခဲ့သည်။

အဆိုပါ မြေကွက်များမှာ ၂၀၀၀ ပြည့်နှစ်၊ ဧပြီလတွင် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ၃၉ အရ သီလ၀ါဆိပ်ကမ်း တည်ဆောက်ရန် လုပ်ငန်းမြေအဖြစ် အသုံးပြုရန် နိုင်ငံတော်မှ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အား ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် သီလ၀ါဒေသ ဆိပ်ကမ်းနယ်မြေများမှ ဖယ်ရှားပေးရမည့် ဒေသခံများအား မြေယာထောက်ပံ့ကြေး ပေးမည်ဆိုခြင်းအပေါ် ဒေသခံများက လက်ခံနိုင်ခြင်း မရှိကြောင်း သိရသည်။

သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေ အမေရိကန်ဒေါ်လာ ၂၀၅ သန်းအား ရရှိထားပြီး၊ ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများအား စတင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top