Posted by AF in ဆောင်းပါးများ
၁။
ပြင်သစ်အမျိုးသားရေးဝါဒီ ချားစ် မောရပ်က ”ဒီမိုကရေစီဆိုသည်မှာ အ များစုလွှမ်းမိုးသော အစိုးရ”ဟုဆိုသည်။ ဒီမိုကရေစီစနစ်တွင် အဆုံးအဖြတ်ရယူ ရာ၌ အများစု၏ အဆုံးအဖြတ်သည်သာ အတည်ဖြစ်သည်။ ထိုအခါ အများစု၏ ဆန္ဒသည် အမှန်တရားဟုတ်မဟုတ်၊ သင့်မြတ်လျော်ကန်သော အဖြေ ဟုတ် မဟုတ် မေးခွန်းထုတ် စ ရာဖြစ်လာသည်။ အမှန်တရားသည် နည်းခြင်းများခြင်း ပေါ်တွင်မူတည်မတည် စသဖြင့် တွေး တောစရာဖြစ်လာပြန်သည်။ ပလေတို ကမူ အေသင်မြို့ပြ၏ ဒီမို ကရေစီ ကို ဝေဖန်ရာတွင် ”ဒီမိုကရေစီဆိုသည်မှာ အရူးများအတွက် အကောင်အထည် ဖော်ပေးနေရသော စနစ်”ဟုပင် ပြင်း ပြင်းထန်ထန်ဆိုခဲ့ဖူးသည်။
၂။
အစိုးရသစ်တက်လာပြီး သိမီလိုက် သမျှ မြန်မာ့နိုင်ငံရေးတွင် ”ဒီမိုကရေစီ အနိုင်ကျင့်မှု”ဟူသည့် စကားကို ပြော ဆိုသတိပေးသူမှာ သူရဦးရွှေမန်းပင် ဖြစ်သည်။ လွှတ်ေ တ်ာကိုယ်စားလှယ် များအနေဖြင့် ပါတီစွဲဝါဒစွဲများမထားဘဲ ပြည်သူ့အကျိုးပြည်သူ့အသံကိုသာ ဦး စားပေးပြီး ဆုံးဖြတ်ချက်များ ချကြရန် ပြော ဆိုလိုက်ခြင်းဖြစ် သည်။ သို့သော် မြန်မာနိုင်ငံ၏ လွှတ်တော်များမှာ အမှန် တကယ် ပြည်သူ့ဆန္ဒပြည်သူ့အသံတို့ကို ကိုယ်စားပြုမပြုမှာ ဆောင်ရွက်ချက် ဆုံးဖြတ်ချက်တို့ကိုကြည့်၍ အကဲဖြတ် ရမည်ဖြစ်သည်။ များသောအားဖြင့် ဒီမိုကရေစီနိုင်ငံများ၏ လွှတ်တော်များ တွင် မိမိတို့ပါတီ၏ ပုံရိပ်အတွက် ရုန်း ကန်လေ့ရှိကြသည်။ အာဏာရပါတီနှင့် အတိုက် အ ခံပါတီတို့ အားပြိုင်လေ့ရှိကြ သည်။ အမေရိကန်ကဲ့သို့သော ဒီမိုက ရေစီနိုင်ငံမျိုးတွင်ပင် ပါတီနှစ်ခု၏ ပြိုင် ဆိုင်မှုကို လွှတ်တော်များတွင် တွေ့နေရ သော်လည်း တိုင်းပြည် အတွက် အရေး ကြီးသော အကျိုးဖြစ်စေမည့် ကိစ္စများ တွင်မူ တညီတည်းဆုံးဖြတ်လေ့ရှိသည်။
၃။
ဖဆပလခေတ်က အစိုးရနှင့် အ တိုက်အခံတို့သည် သဘောထားကွဲလွဲ သောကိစ္စများကို တစ်ဖက်နှင့်တစ်ဖက် လွှတ်တော်တွင်း လွှတ်တော်ပ ဝေဖန် ပြော ဆိုပြစ် တင်လေ့ရှိကြသည်။ ဖဆပ လက အတိုက်အခံ ပမညတသည် တောတွင်းကွန်မြူနစ်များ၏ အကျိုးကို ဆောင်ရွက်ပေးသူ ကိုယ်စားလှယ် များဟု စွပ်စွဲပြီး ပမညတ ကလည်း အစိုးရသည် ပြည်တွင်းစစ်ကို ရှည်ကြာအောင်လုပ်နေ သည်။ ကာကွယ်ရေးအသုံးစရိတ်ကို ကြီးမားစွာအသုံးပြုနေပြီး ငြိမ်းချမ်းရေး ရမည်ကိုစိုးရိမ်နေသည်ဟု စွပ်စွဲနေ သည်။ ထိုအချိန်မှာပင် ပမညတအမတ် ဗိုလ်မြသွေးက တရုတ်ဖြူတပ်များကို တိုက်ခိုက်ခဲ့သည့် တပ်မတော်အား လွှတ်တော်က ကျေးဇူးတင်ကြောင်းနှင့် တပ်မေ တ်ာသားများ ဘေးမသီရန်မခ အောင်ပွဲဆင်နိုင်ရန် ဆုတောင်းကြောင်း အဆိုကို လွတ်တော်၌တင်သွင်းလိုက်ရာ အံ့အားသင့်သွားကြသည်။ ထို့နောက် အဆို ကို ဆွေးနွေး ကြရင်း အတိုက်အခံ အမတ်သည် တပ်မတော်၏ ထိုးစစ်ကို အလူးအလဲခံနေရသည့် ကွန်မြူနစ်များ အသက်ရှူပေါက်ရစေရန် တင်သွင်း သည်ဟု ဖဆပလက ယူဆလာ သည်။
ထို့ကြောင့် ဗိုလ်မြသွေး၏ ”ပြည် ထောင်စုမြန်မာနိုင်ငံနယ်မြေအတွင်း သို့ကျူးကျော်ဝင်ရောက်နေသောတရုတ် ဖြူများအား ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ မြန်မာ့ တပ် မတော်က အင်တိုက် အားတိုက် တိုက်ခိုက်နေခြင်းကို ကျေး ဇူးတင်ဝမ်းမြောက်ကြောင်း”အဆိုတွင် ပါဝင်သည့် စကားရပ်အား အစားထိုး ပြုပြင်ရန် လယ်ဝေးအမတ် သခင်ကြည် ရှိန်က ပြင်ဆင်ချက်အဆို တင်သွင်းခဲ့ သည်။ ၁၉၅၄ ဖေဖော်ဝါရီလအစား ၁၉၅ဝ ဇန်နဝါရီဟူသော စကားရပ်ဖြင့် အစားထိုးထည့်သွင်းရန် အဆိုပြုခဲ့ သည်။ ရမည်းသင်းမြောက်ပိုင်း အမတ် ဦးလှဖေက အဆိုကိုထောက်ခံရာတွင် တပ်မတော်သည် ၁၉၄၉-၁၉၅ဝ ခုနှစ် ကတည်းက ကျူးကျော်မှုကို စတင်တိုက် ခိုက်ခဲ့ခြင်းဖြစ်၍ ယခုမှစတင်ကျေးဇူး တင်ခြင်းသည် ဝမ်းနည်းစရာကောင်း ကြောင်းနှင့် ယခင်ကတည်းက အသက် စွန့်ကြိုးပမ်းခဲ့ကြသည့် ရဲဘော်များကို ကျေးဇူးမတင် ရာရောက်သည့် အတွက် ဗိုလ်မြသွေး၏ အဆိုသည် နှမ်းဖြူးသော အဆိုသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ပါလီမန်အတွင်းဝန်သခင်ချစ်မောင်ကဆိုလျှင် ”အတိုက်အခံ အမတ်မင်းများ ကလည်း အင်တိုက်အားတိုက် မကူညီ နိုင်သည့်တိုင်အောင် အလုပ်သမားလယ် သမားပါတီက တပ်မတော်သားတွေအ တွက် ချိုချဉ်ထုပ်ကလေးများ အကူအ ညီပေးလျှင်
တရုတ်ဖြူတိုက်ပွဲကိုထောက် ခံတဲ့အနေနဲ့ပေးပါ”စသည်ဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။
အဆိုတင်သွင်းသူ ပမညတအမတ် ဗိုလ်မြသွေးက ”ဝမ်းနည်းစရာ ကောင်း ကြောင်းနှင့် ကမ္ဘာတွင် စနစ်ချင်းမတူ၍ အကြီးအကျယ်ရင်ဆိုင်နေသော အမေ ရိကန်နှင့် ရုရှားတို့ပင် မကြာခင်က တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း၊ မြန်မာအစိုးရပင် တရုတ်ဖြူနှင့်မျက်နှာစုံညီ ရင်ဆိုင်နိုင်ခဲ့ ကြောင်း၊ ပြည်တွင်းကျတော့ သောင်း ကျန်းသူကို အပြုတ် တိုက်ရမည်ဟုအော် နေကြောင်း၊ မိမိတို့ကိုလည်း အော်ခိုင်း ကြောင်း၊ ၁၉၅၄ ဖေဖော်ဝါရီလက စတိုက်သည်ဟု အစီရင်ခံရခြင်းမှာ ထို အချိန်က တရုတ်ဖြူအင်အား ၂ဝဝဝ ခန့်သာရှိပြီး ၁၉၅၂ တွင် ၁၂ဝဝဝ အထိ တိုးသွားသောကြောင့် တိုက်ပွဲဝင်နေပါ လျက် တိုးလာခြင်းမှာ တပ်မတော်ဂုဏ် သိက္ခာ ပြည်သူတို့၏ ဂုဏ်သိက္ခာများကို ထိခိုက်လေမည်လားတွေးပြီး ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီလဟု ထည့်ရခြင်း ဖြစ် ပြီး တပ်မတော်သားအားလုံးကို ချီးကျူး ရမည်သာဖြစ်သည့်အတွက် အဆိုကို လက် ခံကြောင်း ပြောဆိုခဲ့ပြီး ၁၉၅၂ ဖေဖော်ဝါရီလအစား ၁၉၅ဝ ခုနှစ် ဇန်နဝါရီလဟု ပြင်ဆင်ခြင်းအဆိုကို လက်ခံပြီး လွှတ်တော်က အတည်ပြုခဲ့ သည်။
၎။
ယခုအခါ မြန်မာနိုင်ငံ အစိုးရသစ် ၏ လွှတ်တော်မြင်ကွင်းများတွင် အင် အားကြီးပါတီ၏ လွှမ်းမိုးမှုများကို တွေ့ နေရသည်ဟူသည့် ဝေဖန်မှုများ ထွက် ပေါ်လာပြန် သ ည်။ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တို့တွင် တိုးတက် မှုများရှိနေသည်ဟု ဆိုသော်လည်း တိုင်းဒေသကြီးလွှတ်တော်များတွင်မူ ဝေဖန်မှုများ ရှိနေသည်။ အာ ဏာရပါတီ ၏ ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညို သင်း၏ ပြောဆိုမှုကို ကိုးကားပြီး ”ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများ အားနည်း”ဟု ခေါင်းစီးတပ်ဖော်ပြထား သည်။ ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အချို့ သည် ပါတီ၏စိုးမိုးမှု အုပ်ချုပ်ရေး အာဏာပိုင်များ၏ အငွေ့အသက်များ နှင့် မကင်းရှင်းနိုင်သေးကြောင်း ပြော ကြားလိုက် သည်ဟု ဖော်ပြထားသည်။ ဆင်းရဲနွမ်း ပါးသော ကလေးသူငယ်များ အား အာဟာရတိုက်ကျွေးရန်၊ အုပ်ချုပ် ရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များက လူထုလူ တန်းစား များနှင့် ထိတွေ့ ဖြေရှင်းရာတွင် ပြည်သူများနစ် နာမှုမရှိစေရေး ကိုင်တွယ်ဖြေရှင်းသွား ရန် စသည့် အဆိုများရှုံးနိမ့်ခဲ့ရခြင်းနှင့် ပတ်သက်၍ ပြောဆိုလိုက်ခြင်းဖြစ် သည်။ ဧရာဝတီတိုင်းဒေသကြီး လွှတ် တော်တွင်လည်း တစညပါတီလွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဝင်းတင် သွင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ် တော်ကိုယ် စားလှယ်ဒေါက်တာ လှမြတ် သွေး ထောက်ခံဆွေးနွေးသည့် ခေတ် စနစ်နှင့်မလျော်ညီသော ညွှန်ကြားချက် တားမြစ်ကန့်သတ်ချက်များ စည်းမျဉ်း စည်းကမ်းများအား ပယ်ဖျက်ရေးအဆို ရှုံးနိမ့်ခဲ့ရခြင်းအတွက်လည်း ပြောဆို ဝေဖန်မှုများရှိနေသည်။
ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သူသူရဦးရွှေမန်းက သူ၏ထားဝယ်ခရီး စဉ်တွင် ”တိုင်းဒေသကြီးအစိုးရ တိုင်း ဒေသကြီးလွှတ်တော်တို့ကလည်း မိမိတို့ ဒေသနှင့် ကိုက် ညီမည့် ဥပဒေများကို ထည့်သွင်းရေးဆွဲရန်” လမ်းညွှန်ခဲ့သည်။ ငါးလုပ်ငန်းအဖွဲ့ချုပ် တွင် ပြုလုပ်သော တွေ့ဆုံပွဲ တွင်လည်း ခေတ်ပြောင်း စနစ် ပြောင်းမှာ ဥပဒေ များ ပြောင်းဖို့လို ကြောင်း၊ ရှင်းရှင်းလင်းလင်းလုပ်မသွား လျှင် နောင်တစ်ချိန် အပြစ်တင်ခံရနိုင် ကြောင်း၊ ဘယ်လိုပဲြေ<ွကးကြော်သံတွေ ဟစ်ကြွေး ဟစ်ကြွေး ဆောင် ပုဒ်တွေ ဘယ် လိုပဲထားထား တကယ်ဖြစ်အောင် မလုပ်နိုင်သည့်အတွက် နိုင်ငံနိမ့်ကျခဲ့ရ ကြောင်း၊ ကမာရွတ်မြို့နယ် လွှတ်တော် ရုံးခွဲ၌ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဖွဲ့ အစည်းများနှင့် တွေ့ဆုံရာတွင် ”မှားရင်မှားတယ် မှန်ရင်မှန်တယ်ရဲရဲဝံ့ဝံ့ ဝန်ခံတာပိုကောင်းတယ်။ မကြာသေးမီ က ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေမှာ မှားတာ လိုအပ် တာရှိမယ်။ ဒီအတိုင်းပဲ တည်ဆဲဥပဒေတွေကို ပြင်သင့်ရင် ပြင် ရမယ်ဟု ပြောကြားခဲ့သည်များရှိခဲ့သည် ကို အာဏာရပါတီ အမတ်များအနေဖြင့် သတိပြုသင့် သည်။ လွှတ်တော် ကိုယ်စားလှယ်များ သည် ပြည်သူတို့အတွက် အကျိုးရှိ မည့်ဥပဒေများကို ပြဋ္ဌာန်းပေးခြင်းဖြင့် မိမိတို့ပါတီ၏ ပုံရိပ်များကိုလည်း မြှင့် တင်ပေးနိုင်ကြမ ည်ဖြစ် သည်။
၅။
ဒီမိုကရေစီစနစ်တွင် လွှတ်တော် သည် ပြိုင်ဘက်ပါတီများ၏ အားစမ်းရာ ကွင်းမဟုတ်ဘဲ ပြည်သူ့အကျိုးကို ဆွေး နွေး တိုင်ပင်ကြရာ နေရာသာဖြစ်သည်။
စည်သူငြိမ်း
အေးချမ်းမွန် Credit To >Popular Myanmar News Journal
Post a Comment