0


ဖိလိုင်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် သေဆုံးခဲ့ရသူစာရင်းမှာ ၂၀၀ နီးပါး ရှိလာ ပြီဖြစ်သည်ဟု အာဏာပိုင်တစ်ဦးက ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၂၁ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

ပြင်းအား ၇ ဒသမ ၁ ရစ်ချက်တာစကေးရှိ အဆိုပါငလျင်မှာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်သည့် Bohol ကျွန်းသို့ ယခင် သီတင်းပတ်တွင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ တံတားများနှင့် အဆောက်အအုံများ ပြိုလဲပျက်စီးခဲ့ရပြီး မြေပြိုမှုများလည်းဖြစ်ပွားခဲ့သောကြောင့် ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ သမိုင်းဝင်ဘုရားရှိခိုး ကျောင်းအရေအတွက်ကိုလည်း လျော့နည်းစေခဲ့သည်။

ပြိုကျသွားသော မြေကြီးများနှင့် အဆောက်အအုံများအောက်ရှိ သေဆုံးသူများအား ကယ်ဆယ်ရေးအသင်း များမှရှာဖွေတွေ့ရှိခဲ့ရာ ယင်းငလျင်ကြောင့်သေဆုံးသူပေါင်း ၁၈၅ ဦး ရှိခဲ့ပြီဟု အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ Bohol ကျွန်းတစ်ခုတည်းတွင်ပင် သေဆုံးခဲ့သူပေါင်း ၁၇၂ ဦး ရှိပြီး ၎င်းတို့အနက် ၁၂၀ ဦးမှ အဆောက်အအုံများ ပြိုကျပျက်စီးခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု Bohol ၏ သတင်းဌာနအရာရှိ Augusto Escopia က ဖော်ပြထားသည်။ ထို့အပြင် ယင်းငလျင်ကြောင့် Cebu နှင့် Siquijor ကျွန်းများတွင် လူပေါင်း ၁၃ ဦး သေဆုံးခဲ့ရသည်။ ။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top