0

ဗဟန်း၊ အောက်တိုဘာ ၂၈ ။ ။ ကုက္ကိုင်းမှ လှည်းတန်း သို့သွား သော ယာဉ်လိုင်းနည်းပါးနေခြင်း ကြောင့် ခရီးသွားပြည်သူများသွား ရေးလာရေးအခက်အခဲဖြင့်ကြုံ တွေ့နေရကြောင်း သိရသည်။

ကုက္ကိုင်းမှ လှည်းတန်းသို့ ဆွဲသောယာဉ်များမှာ နည်းပါး နေခြင်းသာ မက ယင်းခရီးလမ်း တွင် ဟိုင်းလပ်ကား များသာ အ များဆုံးပြေးဆွဲနေခြင်းကြောင့် ခရီးသည်များမှာ ကားအတွင်း လူပြည့်ကျပ်မှုနှင့် နေ့စဉ်ကြုံတွေ့ နေရကြောင်း၊ ခရီးသွားများမှာ မှတ်တိုင်တွင်လူစု၍ တက္ကစီငှား ရမ်းကာသွား လာနေရကြောင်း သိရသည်။

လှည်းတန်းမှ ကုက္ကိုင်း သို့ နေ့စဉ်လာရောက်ပြီး ရုံးတက်သူ တစ်ဦးက''ကုက္ကိုင်းကနေလှည်း တန်းဘက်ကို သွားမယ့်ခရီး သည် အများစုကတော့ သိတဲ့လူပဲဖြစ် ဖြစ်၊ မသိတဲ့သူ ပဲဖြစ်ဖြစ် တက္ကစီ စုငှားပြီးသွားကြတာများတယ်။ မီနီဘတ်စ် ကားတွေ က ဝင်ဆွဲနေ တာတွေ့ရပေမယ့် တအား နည်း နေသေးတယ်။ တကယ်ဆို လုံလုံ လောက်လောက် ထည့်ပေးထား သင့်တယ်။ ကားကနည်းတော့ အချိန် အကြာကြီး စောင့် ရတယ်'' ဟုပြောသည်။
ကုက္ကိုင်းမှ လှည်းတန်းသို့ ဆွဲသောယာဉ်လိုင်းများအား သက်ဆိုင်ရာဌာနမှ အဲကွန်း ဘတ်စ်များဖြင့်ပြောင်းလဲ၍ လုံ လုံလောက်လောက် ပြေးဆွဲပေး ခြင်းဖြင့် ခရီးသွားပြည်သူ များ၏ အခက်အခဲကို ဖြေရှင်းပေးစေ လိုကြောင်း ခရီးသွားပြည်သူများ ထံမှ သိရသည်။

''ကုက္ကိုင်းကနေ လှည်းတန်း ကိုပြေးဆွဲတဲ့ ယာဉ်လိုင်းတွေကို လုံလုံလောက်လောက် ထားပေး စေချင်တယ်။ ဟိုင်းလပ် ကားတွေ ကသေးတော့ အမြဲတမ်းလူကျပ် တယ်။ အဲကွန်းဘတ်စ်ကားကြီး တွေ ဒီလမ်းကြောကို များများ ဆွဲ ပေးရင် ခရီးသွားတွေအတွက် ပိုပြီးအဆင်ပြေနိုင် ပါတယ်''ဟု လှည်းတန်းသို့ပြန်ရန် ကားစောင့် နေသူ တစ်ဦးက ပြောသည်။

ဓာတ်ပုံ - ဖြိုး(ဘူမိ)

အေးချမ်းမွန် Credit To > Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top