0

ကောင်းမြတ်ကျော်

ရန်ကုန် ၊ အောက်တိုဘာ ၂၅ 

ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင် လိုက် သည့် ဥပဒေကြမ်း တွင် ၎င်းတို့အား ချီးမြှင့်ငွေ၊ စ ရိတ်နှင့် အဆောင်အယောင်များ လျှော့ချခြင်းများပြုလုပ်ရန် လိုအပ် ကြောင်း လွှတ်တော်ကိုယ်စား လှယ်အသိုင်းအဝိုင်းက သုံးသပ် ပြောကြား လိုက်ကြောင်း သိရ သည်။

တိုင်းပြည်နှင့် ပြည်သူများ ဆင်းရဲနေချိန်တွင် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ ၏ အသုံးစရိတ် များကို အမှန်တကယ်လျှော့ချ နိုင်ပါက ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်အသိုင်းအဝိုင်းက ပြော ကြားသည်။

အဆိုပါပြင်ဆင်သည့်ဥပ ဒေကြမ်းအား အများပြည်သူများ လေ့လာနိုင် ရန် အောက်တိုဘာ ၂၄ရက်ထုတ် နိုင်ငံပိုင်သတင်းစာ များ တွင်ဖော်ထားခြင်းနှင့် ပတ် သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က ''တိုင်း ပြည်က ဆင်းရဲနေတဲ့အချိန်မှာ ပြည်သူတွေရဲ့ အခွန်တွေကို သုံးစွဲ နေတာကိုလျှော့ချနိုင်ရင် ကောင်း တာပေါ့။ ပယ်ဖျက်လိုက်တဲ့ပုဒ်မ ကိုတော့ ပြန်ကြည့်မှသိမယ် ။ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်ေ တွ အနေနဲ့ စရိတ်တွေ၊ အဆောင်အ ယောင်တွေကို လျှော့ ချနိုင်ရင် ပို ကောင်းတာပေါ့''ဟု ယင်းအမြင် ကို ပြောသည်။

လက်ရှိဥပဒေတွင်ပါရှိသည့် ပုဒ်မ ၂၈တွင် ''ထိုဥပဒေအရ ခံ စားခွင့်ပြုသည့်ဝင်ငွေ အရပ်ရပ် ပေါ် ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်''ဟု ပြဋ္ဌာန်း ထားခြင်းကို ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ် နှင့် အဆောင်အယောင်များဆိုင် ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေ ကြမ်းတွင် အဆိုပါပုဒ်မအား ပယ် ဖျက်ရမည်ဟု ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ဦးကြည်မြင့်က ''တိုင်း ပြည်က ခေတ် မမီသေး တဲ့အချိန် မှာ ပြည်သူတွေရဲ့အခွန်တွေနဲ့ ထမင်းချက်နှစ်ဦးထားတာ၊ ကား နှစ်စီး ဒရိုင်ဘာတွေအများကြီး ထားတာ ဒီလို လိုတာထက်ပိုနေ တဲ့ ခံစားခွင့်တွေကိုတော့ လျှော့ ချဖို့လိုတယ်။ ဒါမဖြစ်သင့်ဘူး ပေါ့'' ဟု မှတ်ချက်ပြုပြောသည်။

ယင်းသို့ ပြည်ထောင်စုအ ဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စ ရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း ကို ပြဋ္ဌာန်းလိုက်သော် လည်း ထူးထူးခြားခြားပြောင်းလဲ လာနိုင်ခြင်းမရှိ ဘဲ ပြည်ထောင် စုအဆင့်ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှု စာရင်းဇယားများကို ထုတ်ပြန် ပေးခြင်း၊ ထမ်းဆောင်ခဲ့သည့် ရာ ထူးသက်တမ်းအလိုက် အနားယူ ချိန်အထိ ပိုင်ဆိုင်မှုအထောက် အထားများကို စစ်ဆေးမှုများပြု လုပ်၍ လိုအပ်ပါက အရေးယူခြင်း များကိုလုပ်ကိုင်နိုင်ပါက ပိုမို ကောင်းမွန်မည် ဟုလည်း လွှတ် တော်ကိုယ်စားလှယ်အသိုင်းအ ဝိုင်းက သုံးသပ်ပြောကြား ကြသည်။

အေးချမ်းမွန် Credit To > Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top