ဝါရှင်တန် အောက်တိုဘာ ၂၇
အမေရိကန် နိုင်ငံတွင် ဆန္ဒပြသမား ရာပေါင်းများစွာသည် အမျိုးသား လုံခြုံရေး အေဂျင်စီ၏ ဆိုက်ဘာ ထောက်လှမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်
အနေဖြင့် အောက်တိုဘာ၂၆ ရက်က ဝါရှင် တန်ဒီစီမြို့၌ ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ ဆန္ဒပြသမားများ သည် NSA ၏ PRISM ဟု အမည်ဝှက် ပေးထားသည့် ထောက်လှမ်းရေး အစီအစဉ်များကို ဆန့်ကျင်ကန့်ကွက်ခြင်း ဖြစ်ပြီး အိုဘားမား အစိုးရအား အဆိုပါ အစီအစဉ်များကို ရပ်တန့်ပေးရေး တောင်းဆိုလျက် Un-ion ဘူတာရုံမှ Capitol လွှတ်တော် အဆောက်အအုံသို့ ချီတက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆန္ဒ ပြသမားများသည် အဆိုပါ ထောက်လှမ်းရေး အစီအစဉ်များကို ရပ်တန့်ရေး ကွန်ဂရက်သို့ အဆိုပြု တင်သွင်းရန် ထောက်ခံလက်မှတ်ပေါင်း ငါးသိန်းကျော် စုဆောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုကို အမေရိကန် အရပ်ဘက် လွတ်မြောက်ရေး သမဂ္ဂနှင့် လွတ်မြောက်ရေး အလုပ်သမား အဖွဲ့တို့ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့များက ဦးဆောင်ပြု လုပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံက ၎င်း၏ အမျိုးသား အကျိုးစီးပွားများ အတွက် အရေးပါသည်ဟု ပြောကြားခဲ့သော အဆိုပါ ထောက်လှမ်းရေး အစီအစဉ်သည် အခြားနိုင်ငံများကိုလည်း စိတ်ဆိုး ဒေါသထွက်စေခဲ့ကြောင်း၊ ပြင်သစ် နိုင်ငံသားများ၏ ဆက်သွယ် ပြောဆိုမှုများကို ထောက်လှမ်းမှုနှင့် ဂျာမန်ဝန်ကြီးချုပ် အန်ဂျ လာမာကယ်လ်၏ မိုဘိုင်းလ်ဖုန်း ဆက်သွယ် ပြောဆိုမှုကို ကြားဖြတ် ဖမ်းယူမှုတို့ ပြုလုပ်ခဲ့သည်ဟူသော အစီရင်ခံစာနှင့် ပတ်သက်၍ ဥရောပ ခေါင်းဆောင်များ သည် အောက်တို ဘာ ၂၄ ရက်တွင် ထိပ်သီးအစည်း အဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm/allnews/global/item/29025-2013-10-28-08-51-51
အေးချမ်းမွန် Credit To >မြ၀တီ
Post a Comment