0

နန်းသီတာဝင်း


ရန်ကုန် ၊ အောက်တိုဘာ ၂၅ ။ ။ ပြည် သူ့လွှတ်တော်အစိုးရအာမခံ ချက်များ ကတိများနှင့်တာဝန်ခံချက်များ၊ စိစစ်ရေးကော်မတီ၏ ပထမ အကြိမ် စိစစ်တွေ့ရှိချက်များကို ပြတ်ပြတ်သားသား ဘက်လိုက် မှုမရှိဘဲ ယခု အဋ္ဌမအကြိမ်လွှတ် တော်အစည်းအဝေးတွင် အစီရင် ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီဝင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စောဝေက ''လွှတ်တော်သက် တမ်းနှစ်နှစ်အတွင်းမှာ စတင်အ ကောင်အထည်ဖော်ပြီး ပထမအ ကြိမ် စစ်ဆေးတာဖြစ်ပါတယ်''ဟု ပြောသည်။

အဆိုပါကော်မတီဝင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း သန်းက အရေးကြီးသည့်အချက် များကို သွားရောက် စိစစ်ထား ကြောင်း၊ ထိုစိစစ်တွေ့ရှိချက်များ ကို အစီရင်ခံစာတွင် ပြတ်ပြတ် သားသားနှင့် မည်သူ့ကိုမျှဘက် မလိုက်ဘဲ ရေးသားထားကြောင်း၊ ထိုအစီရင်ခံစာကို ယခုလွှတ်တော် အစည်းအဝေးတွင် တင်ပြအစီရင် ခံသွားမည်ဖြစ်ကြောင်း ပြောသည်။

အဆိုပါကော်မတီမှ ရခိုင် ပြည်နယ်တွင် အစိုးရမှ စာသင် ကျောင်း သုံးကျောင်း ပြုပြင်ပေး ထားသည်နှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ က ကျေနပ်ကြကြောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အလုပ် သမားများနေထိုင် ရန် တောင်းဆို ထားသည့်အပေါ်တွင် ကျေနပ် မှုရှိကြောင်း၊ ဒလမြို့နယ်၌ မိုးရာ သီတွင် လယ်ယာမြေများရေနစ် မြုပ်မှုနှင့်ပတ်သက်၍ ရေမြောင်း များ တူးပေးသည့်အပေါ်တွင် လည်း လယ်သမားများက ကျေ နပ်မှုရှိကြကြောင်း ဒေါ်ခင်စော ဝေက ပြောသည်။

ကော်မတီကို ပြုပြင်ပြောင်း လဲလိုက်သည့်အခါတွင် မှ လိုအပ် ပါက သက်ဆိုင်ရာဒေသများကို ကွင်းဆင်းစစ်ဆေးနိုင်သည်ဟု ဥပဒေပြဋ္ဌာန်း လိုက်သည့်အတွက် ပထမအကြိမ် သွားရောက် စိစစ် ခြင်းဖြစ်ကြောင်း အဆိုပါကော်မ တီဝင် ဦးဝင်းသန်းထံမှ သိရသည်။

သတင်းအပြည့်အစုံသို့=>http://goo.gl/IJKvag

အေးချမ်းမွန် Credit To > Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top