0

မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများ ဖြစ်သော ရန်ကုန်နှင့် မန္တလေး မြို့များတွင် မော်တော်ယာဉ် ဈေးနှုန်းများ ၁ဝသိန်းမှ သိန်း ၂ဝအထိ လျှော့ချ ရောင်းချနေသော ကြောင့် မော်တော်ယာဉ် ဈေးကွက်အတွင်း ပြန်လည် အရောင်းအဝယ် သွက်လာခဲ့ကြောင်း Farmer Auto အပါအဝင် အခြားသော မော်တော်ယာဉ် အရောင်း စင်တာများက ပြောကြားသည်။

ယခင်နှစ်လ ကျော်ကြာကာလ အတွင်း မော်တော်ယာဉ် အရောင်းအဝယ်များ တုံ့ဆိုင်းသွားရပြီး ထိုသို့ ဖြစ်ရခြင်းမှာလည်း မော်ဒယ်လ်မြင့် ကားပါမစ်များကို ၂ဝဝ၇ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်သို့ ပြောင်းလဲ တိုးမြှင့် ပေးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာမှုကြောင့် မော်တော်ယာဉ် ဈေးကွက် တစ်ခုလုံး အရောင်းအဝယ်မှာ မရှိသလောက် ဖြစ်သွား ရကြောင်း ကားဈေးကွက် သတင်း အချက်အလက်များ အရ သိရသည်။

ယခု အောက်တိုဘာလ အတွင်း မှစပြီး မော်တော်ယာဉ် တင်သွင်း ရောင်းချသူများက မော်တော်ယာဉ် တစ်စီးကို ငွေကျပ် ၁ဝသိန်းမှ ငွေကျပ် သိန်း ၂ဝအထိ ဈေးနှုန်း လျှော့ချ ရောင်း လာကြ သောကြောင့် ပြည် တွင်း မော်တော် ယာဉ် ဈေးကွက် အတွင်း အရောင်းအဝယ် ပြန်ကောင်း လာကြောင်း သိရသည်။

စလစ်ဈေးနှုန်းများမှာလည်း ငွေကျပ်သိန်း ၁ဝဝအောက်တွင် အချိန် အတော်ကြာ ရပ်တည် ခဲ့သော်လည်း ယခုအချိန်တွင် ငွေကျပ် သိန်း ၁၂ဝဝန်းကျင် ဈေးပေါက် နေကြောင်း မော်တော်ယာဉ် တင်သွင်း ရောင်းချသူများက ပြောကြ သည်။

ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်တွင် လုပ်ငန်းသုံးအဖြစ် လူကြိုက်များသော Probox မှာ ယခင်က ငွေကျပ် သိန်း ၁၂ဝကျော်ရှိရာမှ ယခု အချိန်တွင် ပါဝါပါသော Probox ကားများမှာ ငွေ ကျပ်၁၁၈သိန်း ခန့်နှင့် ပါဝါမပါသော Probox များမှာ ငွေကျပ် ၁၁၄ သိန်း ဝန်းကျင်သာရှိပြီး ကားအရောင်းစင်တာများ အနေဖြင့် ဈေးနှုန်း လျှော့ရောင်း၍ ဝယ်ယူသူများ လာကြောင်း သိရသည်။

အေးချမ်းမွန် Credit To > မြ၀တီhttps://www.facebook.com/excellencemedia

Post a Comment

 
Top