မော်လမြိုင် အောက်တိုဘာ ၂၆
မွန်ပြည်နယ်အတွင်း သိမ်းဆည်းရမိသော တရားရုံးပြီးပြတ်သည့်မော်တော်ယာဉ်များအား မျက်မြင်အနေ အထား အတိုင်း တင်ဒါစနစ်ဖြင့်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်များအား နိုဝင်ဘာလဆန်းပိုင်းတွင် ရောင်းချမည်ဖြစ်ပြီး သထုံခရိုင်ရဲ တပ်ဖွဲ့မှူးရုံးတွင် အစီး ၆ဝ၊ ကျိုက်မရောမြို့နယ် တရားရုံးတွင် ငါးစီး၊ သံဖြူဇရပ်မြို့နယ် တရားရုံးတွင် နှစ်စီးနှင့် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ၂၁ စီး စုစုပေါင်း ၈၈ စီးတို့ဖြစ်ရာ ယာဉ်အမျိုး အစားများ မှာ တိုယိုတာ၊ ဟိုင်းလတ်၊ ဆဗ်၊ ဟွန်ဒါ-CRV၊ နစ်ဆန်းပရီးမီးယား၊ ဟွန်ဒါဖစ်နှင့်ဟွန်ဒါ Strean တို့ဖြစ်သည်။ စိတ်ဝင်စားပြီး တင်ဒါတင်သွင်းလိုသူများသည် မော်တော်ယာဉ်များအား သက်ဆိုင်ရာ မြို့နယ်များတွင် သွားရောက်ကြည့်ရှုပြီး တင်ဒါစည်းကမ်းချက်များနှင့် တင်ဒါ လျှောက်လွှာများကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ဝယ်ယူတင်သွင်းနိုင်ကြောင်း သိရသည်။
(၆၉၄)
http://www.moi.gov.mm/npe:zg/news/27/10/2013/id-7159
အေးချမ်းမွန် Credit To > သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
Post a Comment